ဂျာမနီနိုင်ငံ၊ ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီ အသင်းမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော
ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ဖော်ပြပါအစီအစဉ်အတိုင်း
ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့်
ဗုဒ္ဓဘာသာဝင်များ ကြွရောက်ကြည်ညို ကုသိုလ်ယူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေ့ရက်။ ။ ၁၀. ၁၁. ၂၀၁၃ (တနင်္ဂနွေနေ့)
ကျင်းပမည့်နေရာ ။ ။ Nied Saalbau, Heinrich - Stahl - Str 3, 65934 Frankfurt am Main
ကျင်းပမည့်အချိန် ။ ။ နံနက် ၁၀း ၀၀ နာရီမှ ညနေ ၀၄း ၀၀ နာရီအထိ
ပင့်သံဃာတော် ။ ။ ဘုရားအမှူးထား၍ အရှင်မြတ် (၅) ပါး ( အင်္ဂလန်၊ ပြင်သစ်၊ ဒိန်းမတ် တို့မှ ဆရာတော်များ)
ကျွေးမွေးဧည့်ခံမည့်အစီအစဉ်။
၁။ ကိုတိုးအောင်ထွန်း + မအေးအေးကြည် (သား) မောင်ခန့်ဇော်ဟိန်း မိသားစုမှ ပုဇွန်သုပ်နှင့် သစ်သီးစုံ
၂။ ကိုနေ၀င်းလှိုင် + မမိစံ (သမီး) ဇူးဇူး မိသားစုမှ ငါးခြောက်ထောင်းကြော်
၃။ ဦးတင်ဖေ + ဒေါ်အုန်းမမ မိသားစုမှ ၀က်သားလုံးဟင်းစပ်ချက်၊ ကောက်ညှင်းထုပ်
၎။ ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် (သား) မောင်သုတအောင် မိသားစုမှ ကြက်ကုန်းဘောင်၊ ကြက်သား ဖတ်
၅။ ကိုညီညီ + မသန်းသန်းဝင်း (သမီး) လုံးလုံး မိသားစုမှ ၀က်သားအချိုနှပ်
၆။ ကိုစိုးမြင့် + မနုနုထွေး မိသားစုမှ ပုဇွန်ဟင်း၊ အညာမုန့်
၇။ ကိုကြည်လင် + မသော်တာ (သား) မောင်မောင် မိသားစုမှ ငါးဖယ်ဟင်း၊ ကျောက်ကျော
၈။ ဦးစံရွေမောင် (ညီ) ဦးစံရွေကျော် တို့မှ ဘဲသားကြော်
၉။ ဒေါ်ကျင်သန်း (သမီး) မေထက်ကျော် မိသားစုမှ ငါးခူကြော်နှပ်
၁၀။ ဦးလှစု + ဒေါ်စိုးစိုးသိန်း မိသားစုမှ ကြက်ဥပူတင်း
၈။ ဦးစံရွေမောင် (ညီ) ဦးစံရွေကျော် တို့မှ ဘဲသားကြော်
၉။ ဒေါ်ကျင်သန်း (သမီး) မေထက်ကျော် မိသားစုမှ ငါးခူကြော်နှပ်
၁၀။ ဦးလှစု + ဒေါ်စိုးစိုးသိန်း မိသားစုမှ ကြက်ဥပူတင်း
၁၁။
ဦးသိန်းယု + ဒေါ်ချစ်ချစ် (သား) မောင်ဟဟ (သမီး) ဖိန်ဖိန်း မိသားစုနှင့်
ကိုအောင်ဇေယျ တို့မှ မုန့်ဟင်းခါး၊ အချိုရည်နှင့် သောက်ရေသန့် တို့ကို
ကြွရောက်တော်မူလာကြမည့် ဘုရားအမှူးထား၍ ဆရာတော် သံဃာတော် အရှင်မြတ် (၅)
ပါးတို့နှင့် ဧည့်ပရိသတ်တို့အား တည်ခင်းဧည့်ခံ လှူဒါန်းကြမည်ဖြစ်ပါသည်။
ဗုဒ္ဓသာသနရံသီ အသင်း
ဗုဒ္ဓသာသနရံသီ အသင်း