Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, November 10, 2013

ဗုဒ္ဓသာသနရံသီ အသင်း စုပေါင်းမဟာဘုံကထိန်ပွဲတော်

ဂျာမနီနိုင်ငံ၊ ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီ အသင်း မိသားစုများ၏ မဟာဘုံကထိန်ပွဲတော်ကို ၁၀. ၁၁. ၂၀၁၃ ရက် တနင်္ဂနွေနေ့တွင် အောင်မြင်စွာကျင်းပြုလုပ်နိုင်ခဲ့ကြပါတယ်။ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်များအား အရုဏ်မုန့်ဟင်းခါးနှင့် နေ့ဆွမ်းတို့ကို မြိုင်မြိုင်ဆိုင်ဆိုင် ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ နေ့ဆွမ်းမကပ်လှူမီ ဆရာတော်များနှင့် ပရိသတ်များ စုပေါင်း၍ မြတ်စွာဘုရားရှင်အား နေ့ဆွမ်းကပ်လှူပူဇော်ခြင်း၊ ဆရာတော်များမှ ဘုရားအနေကဇာ တင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ပရိသတ်များက စုပေါင်း၍ ဆရာတော်များအား နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ အခမ်းအနားကို နေ့လည် ၁း ၀၀ နာရီအချိန်တွင် စတင်ခဲ့ပြီး ပြင်သစ်ဆရာတော်၊ ဒိန်းမတ်ဆရာတော်၊ အင်္ဂလန်ဆရာတော်တို့မှ သီလပေးခြင်း၊ ပရိတ်တရားချီးမြှင့်ခြင်း၊ အနုမောဒနာတရား ချီးမြှင့်စသည်တို့ ပြုလုပ်ခဲ့ကြပါတယ်။ 
အချိုရည်များနှင့် သောက်ရေသန့်တို့ကိုလည်း ကိုမျိုးလင်းအောင် + မလွင်လွင်ထိုက် (သမီး) ဟန်နီမျိုး မိသားစုတို့ လှူဒါန်းခဲ့ကြပါတယ်။ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသော အလှူရှင်များ၊ အချိုပွဲဆက်ကပ်ကြသော အလှူရှင်များ၊ ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသော အလှူရှင်များအားလုံး ကျန်းမာ၊ ချမ်းသာစွာနဲ့ သာသနာပြုနိုင်ကြပါစေ။