Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, February 26, 2012

ဆုံနေကြတနင်္ဂနွေ(၂၆.၀၂.၂၀၁၂)

သာသနရံသီမိသားစုများပျော်ပျော်ပါးပါး၊ချစ်ချစ်ခင်ခင်၊စည်းစည်းလုံးလုံး အသုတ်စုံစားနေကြပုံ။


Add caption









ဆုံနေကြတနင်္ဂနွေနေ့တိုင်းဗုဒ္ဓသာသနရံသီမိသားစုဝင်များသည်ယနေ့(၂၆.၀၂.၂၀၁၂)တွင်လည်း
ကျောင်းထိုင်ဆရာတော်ဦးပညာဝံသ အိန္ဒိယနိုင်ငံသို့ Ph.D ဘွဲ့ယူ၇န်သွားေ၇ာက်နေ၍ဆရာတော်
မရှိသော်လည်း၊အသင်းသူ၊အသင်းသားဗုဒ္ဓဘာသာမိသားစုဝင်များသည်အသင်းတိုက်တည်ရှိရာသို့
အရောက်လာ၍ပျော်ပျော်ပါးပါးမြန်မာရိုးရာအစားအစာ အသုတ်စုံ ကိုစားသုံးကြပြီး၊အသင်းကြီး၏
ေ၇ှ့လုပ်ငန်းစဉ်များအား၇င်းနှီးပွင့်လင်းစွာဆွေးနွေးတိုင်ပင် ခဲ့ကြပြီး၊တရားဒေသနာတော်များအားလည်း
မိမိတို့ဥာဏ်မှီသလောက်ဆွေးနွေးကြပြီးညနေ(၅)နာရီလောက်တွင်မိမိတို့နေအိမ်များရှီသို့ပြန်ခဲ့ကြသည်။
     နောက်လာမည့်အပတ်(၀၄.၀၃.၂၀၁၂)တွင်လည်းယိုးဒယားရိုးရာအစားသောက် ကွတ်တယုံ၊သဘောင်္သီးထောင်း၊ကောက်ညှင်းပေါင်း၊ရွှေရင်အေးတို့နှင့်ဧည့်ခံမည်ဖြစ်ပါ၍
ပျော်ရွှင်စွာကြွရောက်ကြပါရန်ဖိတ်ကြားလိုက်ပါသည်။

                                                       (အသင်းအမှူဆောင်အဖွဲ့)
                                                               


ို

Tuesday, February 21, 2012

အိန္ဒိယ သို့ခေတ္တသွားမည်

  • ဂျာမနီနိုင်ငံ၊ဖရန့်ဖွတ်မြို့ရှိပထမဦးဆုံးတည်ထောင်သည့်ဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးကျောင်းဖြစ်သည့်ဗုဒ္ဓသာသနရံသီအသင်းကြီး၏ကျောင်းထိုင်ဆရာတော်ဦးပညာဝံသ ည်အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့သို့ Ph.D (University of Mumbai , India) ဘွဲ့ယူ၇န်အတွက် ၂၄.၀၂.၂၀၁၂ နေ့တွင် တူ၇ကီလေကြောင်းလိုင်းနှင့် နံနက် ၁၁နာရီ၄၀မိနစ်တွင်သွားရောက်မည်ဖြစ်ပြီး ၁၇.၀၃.၂၀၁၂ နေ့(စနေနေ့)ညနေ၁၆နာ၇ီ၅၀မိနစ်တွင်ပြန်လည်ကြွေ၇ာက်မည်ဖြစ်ပါကြောင်းအသင်းသူအသင်းသားဗုဒ္ဓဘာသာဝင်အားလုံးအားအသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။

Sunday, February 19, 2012

ဒီ တနင်္ဂနွေ ဇူဇူး ရဲ့ (၁၀) နှစ်ပြည့် မွေးနေ့မင်္ဂလာ


ကိုနေ၀င်းလှိုင် + မမီစံ တို့ရဲ့ သမီးရးတနာ ဇူးဇူး ရဲ့ (၁၀) နှစ်ပြည့် မွေးနေ့မင်္ဂလာကို ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းတိုက် ဘုန်းတော်ကြီးကျောင်းမှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နံနက် (၁၁း ၁၅ ) နာရီတွင် ဆွမ်းခဲဖွယ် ဘောဇဉ်များကို မွေးနေ့အလှူရှင် မိသားစုနှင့် အတူ ဧည့်ပရိသတ်များက ဆက်ကပ်လှူဒါန်းကြပါတယ်။ ဧည့်ပရိသတ်များအားလည်း  ငါးပေါင်းဟင်းစသည်တို့ဖြင့် မွန်မွန်မြတ်မြတ် တည်ခင်းဧည့်ခံ ကျွေးမွေး လှူဒါန်းခဲ့ပါတယ်။ နေ့လည် (၂း ၀၀) နာရီအချိန်တွင် ဧည့်ပရိသတ်များ စုပေါင်း၍ ငါးပါးသီလဆောက်တည် ကျင့်သုံးကြပါတယ်။ အဲဒီနောက် ပရိတ်တရားတော်နှင့် အနုမောဒနာ တရားတော်တို့ကို နာယူကြပြီး လှူဒါန်းမှု အစုစုတို့ကို (၃၁) ဘုံ ကျင်လည်ကြတဲ့ ဝေနေယျ သတ္တ၀ါများအား မေတ္တာပို့ကာ အမျှပေးဝေခဲ့ကြပါတယ်။ မွေးနေ့အလှူရှင် မိသားစုများနှင့် တကွ ပရိသတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာနဲ့ သာသနာပြုနိုင်ကြပါစေ။
အလှူရှင် ကိုနေ၀င်းလှိုင် + အလှူအမ မမီစံ နှင့် သမီး ဇူးဇူး တို့ ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းနေစဉ်





အလှူရှင်မိသားစုများ အချိုပွဲ ဆက်ကပ်လှူဒါန်းနေစဉ်
















Friday, February 17, 2012

ကောင်းမှုအတူယူမည့် မွေးနေ့အလှူ

ကိုနေ၀င်းလှိုင် + မမီစံ တို့၏ တစ်ဦးတည်းသော သမီးရတနာ မဇူးဇူး ရဲ့ မွေးနေ့အလှူ မင်္ဂလာကို ၁၉. ၀၂. ၂၀၁၂ (တနင်္ဂနွေနေ့) တွင် ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းတိုက်၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် မိတ်ဆွေသင်္ဂဟများအား ကြွရောက်ချီးမြင့်ကြပါရန် ခင်မင်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။
(ငါးပေါင်းဟင်းဖြင့် တည်ခင်းဧည့်ခံပါမည်။)

Sunday, February 12, 2012

ဆုံနေကြ တနင်္ဂနွေ (၁၂.၀၂.၂၀၁၂) ပြည်ထောင်စုနေ့

ဒီနေ့ဟာ အမိမြန်မာပြည်ရဲ့ ပြည်ထောင်စုနေ့လည်းဖြစ်၊ တနင်္ဂနွေနေ့လည်း ဖြစ်ပါတယ်။ ဖရန့်ဖို့မြို့ရဲ့ ရာသီဥတုကလည်း အအေးလွန်ကဲလျက်ရှိပါတယ်။ သို့သော်လည်း အသင်းမိသားစုများက အသင်းတိုက်သို့ လာရောက်၍ ဆွမ်းခဲဖွယ်ဘောဇဉ်များကို ဆက်ကပ်လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဓမ္မများကို နာယူခြင်းတို့ကို မပျက်မကွက် ပြုလုပ်ခဲ့ကြပါတယ်။