Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Wednesday, May 28, 2014

ဗုဒ္ဓသာသနရံသီအသင်းမှ ဝမ်းမြောက်နုမော် သာဓု,သာဓု,သာဓု ခေါ်၍ ကျေးဇူးဥပကာရအထူးတင်ရှိပါသည်









ဖြူးဆရာတော်၏ ဓမ္မသဘင်ပူဇော်ပွဲသို့ ကြွရောက် တရားနာယူကြ၍ လှူဒါန်းသမှူ့ ဒါနပြူ့ခဲ့ကြပါကုန်သော Wiesbaden , Offenbach , Frankfurt နှင့်အနီးတဝိုက်နေ  ဓမ္မသူတော်စဉ်များ , သဒ္ဓါကြည်လင် ဆွမ်း, ဆွမ်းဟင်း, ခဲဖွယ်ချိုချဉ် အလှူ့ရှင်များ ,ဧည့်ခံကြွေးမွေးလှူဒါန်းရန် ဝယ်ယူချက်ပြုတ်သည်မှစ၍ ခန်းမတွင်းဧည့်သည်တို့အား ကိုယ်တိုင်ကိုယ်ကျ ခပ်ယူစီမံ ဧည့်ခံကြွေးမွေးသည်အဆုံး ဝေယျာဝစ္စဒါန ကုသိုဟ်ပြူ့ခဲ့ပါသော ဦးလှစု-ဒေါ်စိုးစိုးသိန်း နှင့် သား , သမီး မမာလာသင်း မိသားစု ,ဧည့်ပရိတ်သတ်တို့အား  တို့ဟူးသုတ်, ကျောက်ပွင့်သုတ်, နှင့် အခြားအမွန်အမြတ်ဟင်းလျာများ, ကျောက်ကျော, ရွှေကြည်နနွမ်းမကင်းစသည့် မြန်မာ့ရိုးရာမုန့်မျိုးစုံ စသည်တို့ဖြင့်  မိမိတို့တပိုင်တနိုင်ချက်ပြုတ်ယူဆောင် ကြွေးမွေးလှူဒါန်းခဲ့ကြပါသော အလှူ့ရှင်များ(အလှူ့ရှင်အမည် နှင့် လှူဒါန်းသည့်ဟင်းလျာ တိတိကျကျမမှတ်ယူခဲ့နိုင်၍ မဖော်ပြနိုင်ခြင်းအား အနူးအညွတ်တောင်းပန်အပ်ပါသည်) ,  ဆရာတော် အသုံးပြူ့ရန် တယ်လီဖုန်းကဒ်မှအစ ယာဉ်အလှူအဆုံး ကိုယ်တိုင်ကိုယ်ကျ လိုက်လံမောင်းပို့ ကုသိုဟ်ယူခဲ့ပါသော ကိုဝင်းကိုမြတ် , ပူဇော်ပွဲသဘင် အခမ်းအနားမှူးလုပ်၍ ကုသိုဟ်ပြူ့ခဲ့ပါသော ကိုမျိုးဇော်နှင့် ပွဲစမှ ပွဲဆုံး ပူဇော်ပွဲအတွက် ယာဉ်အလှူ ကုသိုဟ်ယူခဲ့ပါသော မရွေးရွေးမော် မိသားစု နှင့်ကိုစိုးခင် ,   ဓမ္မဒူတကျောင်း သံဃာများ ကြိုပို့ ယာဉ်အလှူကူသိုဟ်ယူခဲ့ပါသော ကိုဖုန်းနိုင် , အခမ်းအနားပွဲစ အပြင်အဆင်ကုသိုဟ်ယူခဲ့ပါသော ဦးတင်ဖေ, ဦးကြည်ဝင်း,ကိုကြည်လင်, ကိုအောင်ကြီး , အခမ်းအနားပွဲပြီး သိမ်းဆည်းသန့်ရှင်းကုသိုဟ်ယူခဲ့ပါသော ကိုအောင်နိုင်ထွေး, ဦးလှစု နှင့် သား , သမီး မိသားစု တို့နှင့် သီးခြားဖော်ပြပါ အလှူ့ရှင်အားလုံးတို့အား ဗုဒ္ဓသာသနရံသီအသင်းသာသနာ့ဒါယကာ,ဒါယိကာမများမှ ဝမ်းမြောက်နုမော် သာဓု,သာဓု,သာဓု ခေါ်၍ ကျေးဇူးဥပကာရအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


ဓမ္မသဘင်ပူဇော်ပွဲနေ့ သင်္ကန်း အလှူ ရှင်များ

ကိုသိန်းဇော်-မစန်းစန်းမြိုင် မိသားစု Offenbach
ကိုအောင်ကြီး-မစိမ့်စိမ့်လှိုင် သား မောင်သုတအောင် မိသားစု
မခင်သူဇာ သား မောင်သန့်ဆက်ဝေ မိသားစု
ကိုမျိုးဇော်-မရွေးရွေးမော် သမီး မသျှင်းဏီချယ် မိသားစု
ဦးကြည်ဝင်း-ဒေါ်လင်းလင်းလက် မိသားစု
ဦးမျိုးမင်း-ဒေါ်သန်းသန်းဦး မိသားစု  Höchst
ကိုဝင်းကိုမြတ်-မဖြိုးဖြိုး
ဗမာစတိုး
ကိုတိုးအောင်ထွန်း-ဒေါ်အေးအေးကြည် မိသားစု Offenbach
မနန်းခမ်းပေါင် မိသားစု Offenbach
ကိုညီညီ-မသန်းသန်းဝင်း သမီး မဆုယမင်းသူ မိသားစု
ကိုနေဝင်းလှိုင်-မမိစံ သမီး မဇူးဇူးလှိုင် မိသားစု
ကိုလှမောင်သန်း-မစောစန္ဒလင်း သမီး ဂျူ လီယာ  သား လီယွန် မိသားစု
ကိုသိန်းနိုင်ဆွေ
ကိုမင်းဦး-မပြုံး မိသားစု  
ကိုခင်မောင်ဆွေ-မနွဲ့ယဉ်ယဉ် သားကြီး ထက်  သားငယ် ကျော် မိသားစု Offenbach
ကိုစိုးခင် မိသားစု
ကိုအောင်ဇေယျ      

 ဧည့်ခံကြွေးမွေးရေးအတွက် စုပေါင်းအလှူ့ရှင်များ

ကိုရှိန်း-မနန်း Wiesbaden      ၅၀ ယူရို
ဒေါ်တင်တင်မြင့်                   ၃၀ ယူရို
ကိုသိန်းနိုင်ဆွေ                    ၂၅ ယူရို
ဦးကြည်ဝင်း မိသားစု             ၂၀ ယူရို
ဦးစိုးလွင်-မမင်းမင်းလှိုင်
မိသားစု Darmstadt             ၂၀ ယူရို
ကိုစိုးမြင့်-မထွေးထွေး            ၂၀ ယူရို
ဒေါ်ကျင်သန်း                      ၂၀ ယူရို
ကိုအေးမင်း                         ၁၀ ယူရို
ဦးလှ-ဒေါ်ခင်ထွေး                 ၁၀ ယူရို
ကိုဝင်းနိုင်ဦး(ကိုဆန်နီ)           ၁၀ ယူရို

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု , ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု , ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
သာဓု, သာဓု, သာဓု။


                                                                                                                                                                                                                                                 

Thursday, May 22, 2014

ဒုတိယဖြူးဆရာတော် ဥရောပ ဓမ္မဒူတခရီးစဉ်

၂၃.၀၅.၂၀၁၄ သောကြာနေ့ ကိုမျိုးလင်းအောင်(ကိုရာဂျူး) - မလွင်လွင်ထိုက် သမီး မဟန်နီမျိုး မိသားစုတို့မှ  နေအိမ်၌ ဆရာတော်အားနေ့ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။
၂၄.၀၅.၂၀၁၄ စနေနေ့ ဒေါ်ကျင်သန်း သမီး မမေထက်ကျော် တို့မှ နေအိမ်၌  ဆရာတော်အားနေ့ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။
၂၅.၀၅.၂၀၁၄ တနင်္ဂနွေနေ Saalbau Bornhem ခန်းမ ၌ဆရာတော်၏ ဓမ္မသဘင်ပူဇော်ပွဲ ပြုလုပ်ကျင်းပပါမည်။
၂၆.၀၅.၂၀၁၄ မှ ၂၉.၀၅.၂၀၁၄ ထိ ပြင်သစ်နိုင်ငံ ပါရီမြို့ သို့  ဓမ္မဒူတခရီးစဉ်ကြွရောက်ပါမည်။ ၂၉.၀၅.၂၀၁၄ နေ့ ဖရန့်ဖွတ်မြို့သို့ ပြန်လည်ရောက်ရှိပါမည်။
၃၀.၀၅.၂၀၁၄ သောကြာ နေ့ ကိုဇော်ဝင်း - မသက်နု တို့မှ နေအိမ်၌  ဆရာတော်အားနေ့ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။
၃၀.၀၅.၂၀၁၄ သောကြာ နေ့ ညနေပိုင်း၌ ဆရာတော်သည် နယ်သာလန်နိုင်ငံ နှင့် ဘယ်ဂျီယမ်နိုင်ငံများသို ဓမ္မဒူတခရီးစဉ့်ကြွ ရောက်၍  ၀၂.၀၆.၂၀၁၄ နေ့ထိ သီတင်းသုံးပါမည်။
၀၂.၀၆.၂၀၁၄ နေ့ ညနေပိုင်း ဖရန့်ဖွတ်မြို့သို့ ပြန်လည်ရောက်ရှိပါမည်။
၀၃.၀၆.၂၀၁၄ မှ ၀၅.၀၆.၂၀၁၄ ထိ ဆွမ်းဆက်ကပ်လှူဒါန်းလိုကြသော သဒ္ဓါကြည်လင် ဆွမ်းအလှူ့ရှင်တို့အတွက် ဆရာတော်၏ ဓမ္မဒူတခရီးစဉ်အား ထပ်မံကြေညာပေးပါမည်။
ဆရာတော်သည် ၀၆.၀၆.၂၀၁၄ နေ့ နေ့လည် ၂ နာရီချိန်၌ ထိုင်းလေကြောင်းဖြင့် မြန်မာပြည်သို့ ပြန်လည်ကြွရောက်ပါမည်။
ဗုဒ္ဓသာသနာ့ရံသီ သာသနာ့ဒါယကာ,ဒါယိကာမများမှ ဆရာတော်အတွက် ဆွမ်းအလှူကုသိုဟ်ဒါန အဖို့ဘာဂတို့အား ကြည်သာရွှင်ပျ ဝမ်းမြောက်နုမော် သာဓု,သာဓု,သာဓု ခေါ်ဆိုပါသည်။

သာသနာ့ဒါယကာ ဒါယိကာမများ ကြည်သာရွှင်ပြ သာဓု နုမောဒန ခေါ်ဆိုနိုင်ကြပါစေ



စင်္ကာပူနိုင်ငံမှ အလှူရှင် Mr. Ivan Terry Tom နှင့် Ms Asuley Chan တို့မှ မိခင်ကြီး  Cheumg Pul Yong အားအမှူးထား၍ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် တည်ဆောက်မည့် သာသနရံသီမြန်မာ့ဗုဒ္ဓစင်တာတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းတိတိကို ရန်ကုန်မြို  မဟာသန္တိသုခကျောင်းတော်သို့လာရောက်၍ လန်ဒန်မြို့ သာသနာ့ရံသီဆရာတော် ဦးဥတ္တရအား လှူဒါန်းခဲ့ပါသည်။
ဂျာမနီသာသနာ့ရံသီ သာသနာ့ဒါယကာ,ဒါယိကာမများမှ ဝမ်းမြောက်နုမော် သာဓု,သာဓု,သာဓု ခေါ်ဆိုပါသည်။

Sunday, May 18, 2014

ဒုတိယဖြူးဆရာတော် ၏ ဓမ္မသဘင်ပူဇော်ပွဲ ဖိတ်ကြားလွှာ

 ပထမဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ၏ ဩဝါဒ သာသနာပြု လမ်းစဉ်အရ,,,ဒုတိယ ဖြူးဆရာတော် (ရန်ကုန်မြို့,လှိုင်မြို့နယ် ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် , မရမ်းကုန်းမြို့နယ် ကျောက်ရေတွင်းမြောက်ပိုင်း ရတနာစိန်စည်ပရိယတ္တိစာသင်တိုက် , ဖြူးမြို့ ဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်) တို့၏ ပဓာန နာယကဆရာတော် ဒေါက်တာအဂ္ဂဝရ (ဓမ္မာစရိယ၊M.A.,Ph.D) အရှင်သူမြတ်၏ ဓမ္မသဘင်ပူဇော်ပွဲကို ၂၅.မေလ.တနင်္ဂနွေနေ့တွင် Frankfurt Bornheim Mitte Saalbau ခန်းမ၌ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ တရား၌ပျော်ရွှင် ဓမ္မသူတော်စင်အပေါင်းတို့မှ အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကြွရောက်၍ သောကငြိမ်းအေးအမြိုက်ဆေးတရားတော်များ နာကြားနိုင်ပါစေကြောင်း  ဗုဒ္ဓသာသနာ့ရံသီ သာသနာ့ဒါယကာ,ဒါယိကာမများမှ လေးမြတ်သောစိတ်ထားဖြင့်ဖိတ်ကြားအပ်ပါသည်။

နေရက်   ။        ။ ၂၅. ၀၅. ၂၀၁၄ (တနင်္ဂနွေနေ့)
အချိန်     ။        ။ နံနက် ၁၀.၀၀ မှ မွန်းလွဲ ၁၆.၀၀ နာရီ ထိ
အစီအစဉ်။        ။ သဒ္ဓါကြည်လင် ဆွမ်းအလှူ့ရှင်တို့ ညီတူမျှဝေ ဆွမ်းအလှူ ကုသိုဟ်ရပါစေကြောင်းဖြင့် နံနက် ၁၁.၀၀ နာရီ တိတိအချိန်၌ ကြွရောက်လာမည့် သံဃာတော်တို့အား နေ့ဆွမ်းစုပေါင်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပါ၍  ကုသိုဟ်ပါဝင်လိုကြသည့် ဆွမ်းအလှူရှင်တို့အနေဖြင့် မိမိတို့တပိုင်တနိုင် ဆွမ်း,ဆွမ်းဟင်း,ခဲဖွယ်ချိုချင်ပွဲ တို့ဖြင့် ကိုယ်တိုင်ကိုယ်ကျ ဆွမ်းစုပေါင်းကပ်လှူကြမည်ဖြစ်ပါသည်။ သံဃာတော်တို့ဆွမ်းစားပြီးပါက ကြွရောက်သည့်ဓမ္မမိတ်ဆွေ ဧည့်ပရိတ်သတ်တို့အား ဗုဒ္ဓသာသနာ့ရံသီ သာသနာ့ဒါယကာ,ဒါယိကာမများမှ အုန်းထမင်း,ကြက်သားဟင်း,အချဉ်သုပ်စုံ,မြန်မာ့ရိုးရာ မုန့်,အဖျော်အချိုရည်တို့ဖြင့် လှူဒါန်းဧည့်ခံမည်ဖြစ်ပါသည်။ မွန်းလွဲ ၁၃.၃၀ နာရီ၌  ဓမ္မပူဇော်ပွဲသဘင် အခမ်းအနားအစီအစဉ်စတင်မည်ဖြစ်ပါသည်။
နေရာ။          ။ SAALBAU Bornheim
                       Arnsburger Straße 24
                       60385 Frankfurt am Main
လမ်းညွှန်။      ။Frankfurt Hauptbahnhof (oder) Konstarblerwache မှ U 4 ဖြင့် Richtung Enkheim (oder) Sechbacher Landstraße သို့စီး၍ Höhen Straße မှတ်တိုင်၌ဆင်းပါ။ မြေအောက်ဘူတာမှ အပေါ်သို့ Berger Straße ဘက်ခြမ်းလမ်းညွှန်ချက်တိုင်းတက်၍ လမ်းပေါ်၌ Saalbau Bornheim သို့လမ်းညွှန်ပြထားမှူ့များအတိုင်း ရောတ်ရှိနိုင်ပါသည်။

 ဗုဒ္ဓသာသနာ့ရံသီ သာသနာ့ဒါယကာ,ဒါယိကာမများ

နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ဒုတိယဖြူးဆရာတော်တို့၏ သာသနာရေးကြိုးပမ်းမှူ့များ






 သကျသီဟ ဝဋံသကာ၊ ပါဠိ သိရောမဏီ၊ ဘီအေ
အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
“အဘိဓဇ မဟာရဋ္ဌဂုရု”
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ
တိပိဋက နိကာယကျောင်းတိုက်ကြီးများ၏ စီမံအုပ်ချုပ်မှု မဟာနာယက
ကျေးဇူးတော်ရှင် (နဝမ) ဗန်းမော်ဆရာတော်ဘုရားကြီး
ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ, ဓမ္မရက္ခိတဖြူးမဟာစည်ရိပ်သာကျောင်းတိုက်သို့ကြွရောက်,တရားရေအေးတိုက်ကြွေး၍ , ဖြူးဆရာတော်၏ သာသနာပြူ့လုပ်ငန်းစဉ်များအား ထောက်ပံ့အားပေးတော်မူခဲ့ပါသည်။

Germany နိုင်ငံသို့ သာသနာပြူ့ခရီးစဉ် ကြွရောက်နေသော ဒုတိယဖြူးဆရာတော် ဒေါက်တာအဂ္ဂဝရ အားဦးထိပ်ထား၍ ဗုဒ္ဓသာသနာ့ရံသီအသင်းနှင့် Germany နိုင်ငံရောက် သာသနာ့ဒါယကာ, ဒါယိကာမများစုပေါင်းကျင်းပသော ဓမ္မသဘင်ပူဇော်ပွဲ

ပထမဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ၏ ဩဝါဒ သာသနာပြု လမ်းစဉ်အရ,,,ဒုတိယ ဖြူးဆရာတော် (ရန်ကုန်မြို့,လှိုင်မြို့နယ် ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် , မရမ်းကုန်းမြို့နယ် ကျောက်ရေတွင်းမြောက်ပိုင်း ရတနာစိန်စည်ပရိယတ္တိစာသင်တိုက် , ဖြူးမြို့ ဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်) တို့၏ ပဓာန နာယကဆရာတော် ဒေါက်တာအဂ္ဂဝရ (ဓမ္မာစရိယ၊M.A.,Ph.D) အရှင်သူမြတ်သည် ၉ ရက်၊မေလ မှ ၆ရက်၊ဇွန်လထိ ဂျာမနီ နှင့် ဥရောပနိုင်ငံများသို့ သာသနာပြူ့ခရီးစဉ် ကြွရောက်လျှက်ရှိပါသည်။ ယခု ဆရာတော်ဘုရားသည် ဂျာမနီနိုင်ငံတွင်းခရီးစဉ်ကြွရောက်နေပြီး ၂၃ ရက်၊မေလ Freitag ညနေပိုင်း၌ Frankfurt သို့ပြန်လည်ရောက်ရှိ၍ ဦးသိန်းယု - ဒေါ်ချစ် မိသားစုနေအိမ်၌ ခေတ္တတည်းခို သီတင်းသုံးမည်ဖြစ်ပါသည်။ဆရာတော်အရှင်သူမြတ်သည် ၂၅ ရက်၊မေလ Sonntag ၌ Frankfurt, Bornheim Mitte, Saarbau ခန်းမ၌ တရားရေအေးအမြိုက်ဆေး တိုက်ကျွေးဟောကြားတော်မူမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကြုံခဲလှစွာသော ဓမ္မသဘင်ပူဇော်ပွဲသို့ Frankfurt မြို့ပေါ်နှင့် အနီးပါတ်ဝန်းကျင်နေ ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့မှ ကြွရောက်၍ တရား နာကြားပူဇော်နိုင်ကြပါကြောင်း လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။