နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Wednesday, July 22, 2015

ဗုဒ္ဓသာသန့ရံသီဘုန်းကြီးကျောင်းမှ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဖြူးဆရာတော် ဓမ္မသဘင်ပူဇော်ပွဲ ဘိတ်ကြားလွှာ



ဗုဒ္ဓသာသန့ရံသီအသင်းမိသားစုများမှ နှစ်စဉ်ကျင်းပပြုလုပ်နေသည့် မြန်မာဗုဒ္ဓဘာသာတို့၏ မြတ်ဗုဒ္ဓဘုရားရှင်အား အမှူးပြု၊ မြန်မာနိုင်ငံမှ ကြွရောက်လာသည့် ဖြူးဆရာတော် ဒေါ်က်တာ အဂ္ဂဝရ နှင့် ပင့်သဃာ ၄ပါး တို့အား ဝါဆိုသင်္ကန်းနှင့်တကွ လှူဒါန်းဖွယ်ရာအစုစုတို့အား ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါ အောက်ဖေါ်ပြပါ အစီစဉ်အတိုင်းကျင်းပ ပြုလုပ်သွားမည့်အကြောင်း လေးစားစွာဘိတ်ကြားအပ်ပါသည်။

နေရာ။ ။                SAALBAU NIED

                      Heinrich-Stahl-Straße 3

                      65934 Frankfurt am Main

အချိန်။                  နံနက် 10.00 နာရီမှ 16.00 နာရီ

တရားနာယူချိန်။ ။     နေ့လည် 13.30 နာရီ

အစီစဉ်။ ။              သဒ္ဓွါကြည်လင် ဆွမ်းအလှူရှင်တို့ ညီတူမျှဝေ စုပေါင်းဆွမ်းအလှူ ကုသိုလ်ရပါစေကြောင်း အကျိုးငှါ ဆွမ်း၊ ဆွမ်းဟင်း၊ အချိုပွဲများကို ကိုယ်တိုင်လာရောက် ဆက်ကပ်လှူဒါန်းနိုင်ပါသည်။

ဦးသိန်းယု မိသားစုနှင့် ဦးအောင်ဇေယျ တို့မှ ကြွရောက်လာသည့် ည့်ပရိတ်သတ်များအား ကြာဇံချက်ဖြင့် ည့်ခံမည်ဖြစ်ပါသည်။  
အလှူရှင်များ လှူဒါန်းလိုပါက ကြွရောက်လှူဒါန်းနိုင်ပါသည်။


                                                                         ဗုဒ္ဓသာသန့ရံသီအသင်း မိသားစု

ဒုတိယဖြူးဆရာတော် ဒေါ်က်တာ အဂ္ဂဝရ ဒုတိယအကြိမ် ဥရောပ သာသနာပြု ခရီးစဉ် ကြွရောက်လာမည့် အကြောင်း



မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ် ဓမ္မရက္ခိတ ဖြူးမဟာစည် သာသန့ရိပ်သာကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်၊ ကျောက်ရေတွင်း မြောက်ပိုင်း ရတနာစိန်စည်  ပရိယတ္တိစာသင်တိုက် ဖြူးမြို့၊ ဖြူးမဟာစည်သာသန့ရိပ်သာကျောင်းတိုက် တို့၏ ပဓာန နာယကဆရာတော် ဒေါ်က်တာ အဂ္ဂဝရ သည် 
ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့သို့ 24.07.2015 (သောကြာနေ့) နံနက် 6.00 နာရီတွင် ဖရန့်ဖတ်လေဆိပ် သို့ ရောက်ရှိလာမည် ဖြစ်ပါသည်။ 
ဆရာတော်အား ကြိုဆိုနိုင်ရန်အတွက် မြန်မာဗုဒ္ဓဘာသာများအား အသိပေးတိုက်တွန်းအပ်ပါသည်။

                                                                                       ဗုဒ္ဓသာသနရံသီ မိသားစု


ဖြူးဆရာတော်၏ ဥရောပ သာသနာပြု ခရီးစဉ်။ ။

- 25.07.2015 ဒေါ်ကြည်ကြည်မြင့် အိမ်တက်မင်္ဂလာ Stuttgart မြို့
- 27.07.2015 မှ 31.07.2015 အီတလီ၊ ပြင်သစ် ခရီးစဉ်
- 01.08.2015 မှ 03.08.2015 နယ်သာလန် ခရီးစဉ်
- 07.08.2015 မှ 09.08.2015 ဒိန်းမတ် ခရီးစဉ်

ခရီးစဉ် အပြောင်းအလဲရှိခဲ့ပါလျှင် ထပ်မှန်အသိပေးပါမည်။
  
 သဒ္ဒါကြည်လင် ဓမ္မမိတ်ဆွေများ ဆရာတော် ဖရန့်ဖတ်မြို့တွင် ရှိစဉ်ကာလ အာရုံဆွမ်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းလိုလျှင်
- ဦးသိန်းယု 069 24004701 / 01520 2325633
- ဦးအောင်ဇေယျ 01521 7084300
တို့အား ဆက်သွယ်လှူဒါန်းနှိင်ပါသည်။

Thursday, November 27, 2014

မိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါသည်

Germany နိုင်ငံ Hamburg မြို့နေ ကိုဖရန်ကီထွန်း ၏ဇနီး မရိုစီ(၄၈ နှစ်) သည် ၂၄,၁၁,၂၀၁၄ နေ့တွင် Hamburg မြို့ဆေးရုံ၌ ဆုံးပါးကွယ်လွန်ပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း ဗုဒ္ဓသာသနာ့ရံသီအသင်းမှ မှတ်တမ်းတင်ပါသည်။ ၁,၁၂,၂၀၁၄ နေ့တွင် Hamburg မြို့ ကျန်ရစ်သူမိသားစုနေအိမ်၌ အောင်းမေ့သတိရဖွယ်ရက်လည်အခမ်းအနားပြူ့လုပ်မည်ဖြစ်ပါကြောင်း Germany နိုင်ငံတွင်းနေ မိတ်ဆွေတို့အားဖိတ်ကြားအသိပေးအပ်ပါသည်။

ကရင်နှစ်သစ်ပွဲတော် တူယှဉ်နွှဲပျော်ကြပါစို့

2014 December 28 ရက်နေ့တွင်ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို့ အောက်ပါအစီစဉ်တိုင်းကြွရောက် နွှဲပျော်ပါရန် ဗုဒ္ဓသာသနာ့ရံသီအသင်းမှ ခင်မင်ရင်းနှီးစွာဖြင့်ဖိတ်ကြားအပ်ပါသည်။


Monday, July 7, 2014

ဓမ္မကထိကအကျော် ဓမ္မစေတီဆရာတော် ဓမ္မသဘင်

တရား၌ပျော်ရွှင် ဓမ္မသူတော်စင်အပေါင်းတို့ခင်ဗျား
ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လအရှင်သူမြတ်သည် ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့သို့ကြွရောက်၍ သံသရာမှလွတ်မြောက်ကြောင်း တရားရေအေး တိုက်ကျွေးမည်ဖြစ်ပါ၍ ကြုံခဲလှစွာသောဆရာတော်၏ ဓမ္မသဘင်သို့ ကြွရောက်တရားနာယူကြပါစေကြောင်း သာသနာ့အကျို မျှော်ကိုး၍ ဗုဒ္ဓသာသနာ့ရံသီ ဒါယကာ,ဒါယိကာမများမှ အောက်ပါအစီအစဉ်အတိုင်း လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။
နေရာ     ။        ။SAALBAU TITUS FORUM (NORDWEST ZENTRUM)
                       Walter-Möller-Platz 2
                       60439 Frankfurt
နေရက်         ။        ။ ၂၇. ၀၇. ၂၀၁၄ (တနင်္ဂနွေနေ့)
အချိန်            ။        ။ နံနက် ၁၀.၀၀ မှ မွန်းလွဲ ၁၆.၀၀ နာရီ ထိ
တရားနာယူချိန်။        ။ နေ့လည် ၁ နာရီတိတိ (၁၃:၀၀ နာရီ)
အစီအစဉ်       ။        ။ သဒ္ဓါကြည်လင် ဆွမ်းအလှူ့ရှင်တို့ ညီတူမျှဝေ ဆွမ်းအလှူ ကုသိုဟ်ရပါစေကြောင်းဖြင့် နံနက် ၁၁.၀၀ နာရီ တိတိအချိန်၌ ကြွရောက်လာမည့် ဓမ္မစေတီဆရာတော်နှင့် Frankfurt မြို့၌သီတင်းသုံးနေတော်မူကြသောသံဃာတော် ၃ပါးတို့အား နေ့ဆွမ်းစုပေါင်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပါ၍  ကုသိုဟ်ပါဝင်လိုကြသည့် ဆွမ်းအလှူရှင်တို့အနေဖြင့် မိမိတို့တပိုင်တနိုင် ဆွမ်း,ဆွမ်းဟင်း,ခဲဖွယ်ချိုချင်ပွဲ တို့ဖြင့် ကိုယ်တိုင်ကိုယ်ကျ ဆွမ်းစုပေါင်းကပ်လှူကြမည်ဖြစ်ပါသည်။ သံဃာတော်တို့ဆွမ်းစားပြီးပါက ကြွရောက်သည့်ဓမ္မမိတ်ဆွေ ဧည့်ပရိတ်သတ်တို့အား...
 1.ကိုစိုးလွင်-မမင်းမင်းလှိုင် မိသားစုမှ မြန်မာထမင်းဟင်းလျာအဖွယ်အရာများ.
 2.ဒေါ်နွယ် မှ ဆိတ်ကလီစာ ဟင်းလျာ
 3.ကိုကြည်လင်-မသော်တာ မိသားစုမှ ငါးဖယ်ဟင်း
 4.ကိုသက်အောင်-မလွင်လွင်လှိုင် မိသားစုမှ ဝက်သားနီချက်
 5.ကိုမင်းဟန်-မသိံဂီ မိသားစုမှ ပဲပြုတ် မျှစ်ကြော်
 6.မစံပယ်လွင် မှ ပဲကုလားဟင်း နှင့် သောက်ရေသန့်,အချိုရည်မျိုးစုံ  တို့ဖြင့်ကျွေးမွေးလှူဒါန်းကြပြီးလျှင်,,,
 7.ကိုမင်းဦး-မပြုံး မိသားစုမှလည်း ကြည်ညိုဖွယ်ရာ ဘုရားပန်းတော်အလှူများဖြင့် လှူဒါန်းသမှူ့ ဒါနပြူ့ကြမည်ဖြစ်ပါသည်။
သဒ္ဓါတတ်အားနည်းများမဆို ဒါနကုသိုဟ်ပါဝင်လိုကြမည့် စေတနာအလှူ့ရှင်တို့မှလည်း အောက်ပါအကျိုးတော်ဆောင်များနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။
ဦးသိန်းယု            015210469874
ဦးကြည်ဝင်း          015211959903
ကိုစိုးလွင်             061578018460
ကိုစိုးခင်              06925786776, 01786362872
ကိုအောင်နိုင်ထွေး  069 90753529, 015226817771

Thursday, June 12, 2014

မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဥာဏိဿ ရ အထူးတရားပွဲသဘင်

 သပိတ်အိုင်ဆရာတော်,သဲကုန်းဆရာတော်...စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ,မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ,အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ,အဂ္ဂမဟာပဏ္ဍိတ
သီတဂူဆရာတော်ဘုရားကြီး ဦးဥာဏိဿသရ



 ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးဒေါက်တာ အရှင် ဥာဏိဿသရသည် ဇွန်လ ၁၅ ရက် ၊တနင်္ဂနွေနေ့တွင် ဂျာမနီ နိုင်ငံ ၊ ဖရန့်ဖတ် မြို့ သို့ကြွရောက် ၍ တရားချစ်ခင် ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့အား နိဗ္ဗာန် ရောက်ကြောင်းတရားချီးမြှင့် ပောာကြား ပေးမည်ဖြစ်ပါ သဖြင့်
တရား၌ပျော်ရွှင် ဓမ္မသူတော်စင်အပေါင်းတို့မှ အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကြွရောက်၍ သောကငြိမ်းအေးအမြိုက်ဆေးတရားတော်များ နာကြားနိုင်ပါစေကြောင်း  ဗုဒ္ဓသာသနာ့ရံသီ သာသနာ့ဒါယကာ,ဒါယိကာမများမှ လေးမြတ်သောစိတ်ထားဖြင့်ဖိတ်ကြားအပ်ပါသည်။
နေ့ရက်........၁၅.၀၆.၂၀၁၄ (တနင်္ဂနွေနေ့)
နေရာ...........Saalbau Gutleut ခန်းမ, Rottweiler Straße 32, 60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ.မှတ်တိုင် Baseler Platz
အချိန် ..........နေ့လည် ၁ နာရီတိတိ (မွန်းလွဲ ၁၂ နာရီခွဲခန့် အရောက်လာကြပါရန်ပန်ကြားအပ်ပါသည်)



သီတဂူအဓိဋ္ဌာန်
 
ငါတို့ဖြစ်ရ၊ ဤလောက၀ယ်
ဘ၀သမိုင်း၊ မရိုင်းစေရန်
စိတ်မန်မချ၊ မာနမပါ
ဒို့စွမ်းရာဖြင့်
ဒို့သာသနာ
ဒို့ပြည်ရွာကို
သာယာစေမှု၊ လုံ့လပြုအံ့။ ။

ဒို့ သီတဂူအဓိဋ္ဌာန်မှာ မှာထားတဲ့စကားနှစ်ရပ်ကို အားလုံးစွဲစွဲမြဲမြဲ မှတ်သားပြီးတော့ ဆောင်ရွက်ကြဘို့လိုတယ်။ အဲဒီထဲမှာ ”ဘ၀သမိုင်း မရိုင်းစေရန်” ဆိုတဲ့အချက်ပဲ။ မင်းတို့တပည့်တွေအားလုံး သာသနာတော်အတွက် ကံကောင်းလို့လုပ်ခွင့်ရနေတာ၊ အဲ့ဒီလုပ်ခွင့်ရနေ တာကိုက ကံကောင်းလို့ လုပ်ခွင့်ရနေတာ။ ဒီလုပ်ငန်းကို လုပ်ခွင့်ရနေတာကိုက ကံကောင်းတဲ့အခွင့်အရေးလို့ မှတ်သားပြီးတော့ အဲဒီအခွင့်အရေးတွေကို အလွဲသုံးစားမလုပ်ဘို့၊ ရထားတဲ့လုပ်ခွင့်ကို ထိထိရောက်ရောက်လုပ်ပြီးတော့ အခွင့်အရေးကို မိမိရရ အရယူဘို့၊ လုပ်ကိုင်ခွင့်ပေးထားတဲ့အလုပ်ကို ထိထိရောက်ရောက်မလုပ်ပဲ အခွင့်အရေးကို ရအောင်မယူတတ်ဘူး၊ မယူနိုင်ဘူးဆိုလို့ရှိရင် ဘ၀သမိုင်းဟာ ရိုင်းသွားလိမ့်မယ်။
ထိထိရောက်ရောက်မလုပ်တဲ့အပြင် ရထားတဲ့အခွင့်အရေးကို ပျက်စီးအောင်လုပ်လိုက်မယ်ဆိုလို့ရှိရင် အဲဒီသူဟာ ကိုယ့်ဘ၀သမိုင်းကို ကိုယ်ကိုယ်တိုင် အရိုင်းသမိုင်းလို့သိပြီး နောင်တပူပန်ဖြစ်ရလိမ့်မယ်။ အဲ့ဒါကြောင့် အားလုံး ဘ၀သမိုင်းမှာ မရိုင်းရအောင်၊ သမိုင်းမှတ်တမ်း ကောင်းအောင် သင်သွားဘို့၊ လုပ်သွားဘို့၊ ကျင့်သွားဘို့တိုက်တွန်းတယ်။
ဘ၀သမိုင်းမရိုင်းအောင် ဘာလုပ်မလဲဆိုရင် ဒို့သာသနာ ဒို့ပြည်ရွာကို သာယာစေမှု လုံ့လပြုရမယ်။ တိုင်းပြည်နဲ့သာသနာအတွက် ကောင်းတဲ့လုပ်ငန်းမှန်သမျှကို လုပ်ခွင့်ရသလောက်၊ လုပ်နိုင်သလောက် အကုန်လုံးလုပ်ကြရမယ်။ ငါ့တိုင်းပြည်နဲ့ ငါ့သာသနာအတွက် ငါ ဘာတွေလုပ်နိုင်သလဲ၊ ဘာတွေလုပ်ခွင့်ရသလဲ၊ အဲဒီနှစ်ချက်တွက်ပြီးတော့ အလေးအနက် လုပ်နိုင်သလောက်၊ လုပ်ခွင့်ရသလောက်၊ ထည့်လိုက်ဦး လုပ်ဖြစ်သလောက် အကုန်လုံးလုပ်ရမယ်။ တိုင်းပြည်နဲ့သာသနာမှာ လုပ်ခွင့်ရပါလျှက်နဲ့၊ လုပ်နိုင်စွမ်းရှိပါလျှက်နဲ့၊ လုပ်လို့ဖြစ် ပါလျက်နဲ့ မလုပ်လိုက်ရဘူးဆိုလို့ရှိရင် သိတတ်တဲ့လူတစ်ယောက်အနေနဲ့ ဘ၀မှာအသက်ရှည်ရင် ရှည်သလောက် အဲဒီချွတ်ယွင်းမှုတွေနဲ့ ကိုယ့်ဘ၀ကို ကိုယ်ဖျက်ဆီးရာကျတယ်။ ကိုယ့်ဘ၀ကို ကိုယ်ဖျက်ဆီးခြင်းဟာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်သာသနာကို ဖျက်ဆီးခြင်းပဲ။ တိုင်းပြည်နဲ့သာသနာကိုဖျက်ဆီးခြင်းဟာလည်း ကိုယ့်ဘ၀ကို ဖျက်ဆီးခြင်းပဲ။ ဘ၀ရယ် တိုင်းပြည်ရယ် သာသနာရယ်ဟာ ခွဲလို့မရဘူး။ ဒီသုံးခုဟာ အတူတူပဲ။
ခုလိုအထက်တန်းရောက်လာတာဟာ တိုင်းပြည်နဲ့ သာသနာက ကျေးဇူးပြုလို့ပဲ။ သီတဂူဆရာတော်ကကျေးဇူးပြုလို့ဆိုတာထက် သာသနာကကျေးဇူးပြုတာလို့ ဒီလိုတွက်ရမယ်။ တိုင်းပြည်နဲ့သာသနာက ဒို့ကိုဒီလောက်ကျေးဇူးပြုထားရင် ဒို့ကလည်း ဒို့တိုင်းပြည်နဲ့ ဒို့သာသနာတော်အတွက် ပြန်ပြီးတော့ကျေးဇူးပြုရမယ်။ အဲဒီလို သုံးခု ဟန်ချက်ညီသွားရင် ဘ၀သမိုင်းဟာ ကောင်းသွားတာပဲ။ အဲဒါကြောင့် ဘ၀သမိုင်းမရိုင်းကြရအောင်ရယ်၊ တိုင်းပြည်နဲ့သာသနာလှပအောင်ရယ် ဆောင်ရွက်နိုင်ကြမယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း သမိုင်း မရိုင်းဘူး။ ကိုယ့်ဘ၀လည်း လှပလာလိမ့်မယ်။ အဲဒီခံယူချက်နဲ့ ရထားတဲ့အခွင့်အရေးတွေကို စနစ်တကျ တိုင်းပြည်နဲ့သာသနာတော်အတွက်ရော မိမိအတွက်ရော အသုံးချ။
သဗ္ဗော လောကော အဿကော-တစ်လောကလုံး ကိုယ်ပိုင်ဥစ္စာ ဘာမှမရှိဘူး။ သဗ္ဗံ ပဟာယ ဂမနီယံ-အကုန်လုံးစွန့်ပစ်ထားပြီး သွားကြရမှာပဲ။ အလွန်တိုတောင်းတဲ့အချိန်ကလေးအတွင်းမှာ ဒါတွေဟာ အကုန်လုံးပြီးသွားကြပြီ၊ လွန်သွားကြပြီ၊ နောက်ပြန်လှည့်လို့မရဘူး။ အဲဒါကြောင့် အနှစ်သာရနဲ့ကိုယ်ပိုင်ဥစ္စာရှာမရတဲ့ ဒိကမ္ဘာမှာ ငါ့တိုင်းပြည်နဲ့ ငါ့သာသနာအတွက် ငါဘာထားပစ်ခဲ့မလဲ၊ ငါ့အတွက်ကော ဘာတွေယူသွားမလဲ၊ အဲဒီစိတ်တွေကို အလေးအနက်ပြုပြီးတော့ ရထားတဲ့အခွင့်အရေး၊ ရထားတဲ့အချိန်၊ ရထားတဲ့ဘ၀နဲ့ခန္ဓာကို တိုင်းပြည် နဲ့သာသနာတော်အတွက် များများကြီးအသုံးချပါလို့ဆိုတာ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

သီတဂူဆရာတော်ဘုရားကြီး

Wednesday, May 28, 2014

ဗုဒ္ဓသာသနရံသီအသင်းမှ ဝမ်းမြောက်နုမော် သာဓု,သာဓု,သာဓု ခေါ်၍ ကျေးဇူးဥပကာရအထူးတင်ရှိပါသည်









ဖြူးဆရာတော်၏ ဓမ္မသဘင်ပူဇော်ပွဲသို့ ကြွရောက် တရားနာယူကြ၍ လှူဒါန်းသမှူ့ ဒါနပြူ့ခဲ့ကြပါကုန်သော Wiesbaden , Offenbach , Frankfurt နှင့်အနီးတဝိုက်နေ  ဓမ္မသူတော်စဉ်များ , သဒ္ဓါကြည်လင် ဆွမ်း, ဆွမ်းဟင်း, ခဲဖွယ်ချိုချဉ် အလှူ့ရှင်များ ,ဧည့်ခံကြွေးမွေးလှူဒါန်းရန် ဝယ်ယူချက်ပြုတ်သည်မှစ၍ ခန်းမတွင်းဧည့်သည်တို့အား ကိုယ်တိုင်ကိုယ်ကျ ခပ်ယူစီမံ ဧည့်ခံကြွေးမွေးသည်အဆုံး ဝေယျာဝစ္စဒါန ကုသိုဟ်ပြူ့ခဲ့ပါသော ဦးလှစု-ဒေါ်စိုးစိုးသိန်း နှင့် သား , သမီး မမာလာသင်း မိသားစု ,ဧည့်ပရိတ်သတ်တို့အား  တို့ဟူးသုတ်, ကျောက်ပွင့်သုတ်, နှင့် အခြားအမွန်အမြတ်ဟင်းလျာများ, ကျောက်ကျော, ရွှေကြည်နနွမ်းမကင်းစသည့် မြန်မာ့ရိုးရာမုန့်မျိုးစုံ စသည်တို့ဖြင့်  မိမိတို့တပိုင်တနိုင်ချက်ပြုတ်ယူဆောင် ကြွေးမွေးလှူဒါန်းခဲ့ကြပါသော အလှူ့ရှင်များ(အလှူ့ရှင်အမည် နှင့် လှူဒါန်းသည့်ဟင်းလျာ တိတိကျကျမမှတ်ယူခဲ့နိုင်၍ မဖော်ပြနိုင်ခြင်းအား အနူးအညွတ်တောင်းပန်အပ်ပါသည်) ,  ဆရာတော် အသုံးပြူ့ရန် တယ်လီဖုန်းကဒ်မှအစ ယာဉ်အလှူအဆုံး ကိုယ်တိုင်ကိုယ်ကျ လိုက်လံမောင်းပို့ ကုသိုဟ်ယူခဲ့ပါသော ကိုဝင်းကိုမြတ် , ပူဇော်ပွဲသဘင် အခမ်းအနားမှူးလုပ်၍ ကုသိုဟ်ပြူ့ခဲ့ပါသော ကိုမျိုးဇော်နှင့် ပွဲစမှ ပွဲဆုံး ပူဇော်ပွဲအတွက် ယာဉ်အလှူ ကုသိုဟ်ယူခဲ့ပါသော မရွေးရွေးမော် မိသားစု နှင့်ကိုစိုးခင် ,   ဓမ္မဒူတကျောင်း သံဃာများ ကြိုပို့ ယာဉ်အလှူကူသိုဟ်ယူခဲ့ပါသော ကိုဖုန်းနိုင် , အခမ်းအနားပွဲစ အပြင်အဆင်ကုသိုဟ်ယူခဲ့ပါသော ဦးတင်ဖေ, ဦးကြည်ဝင်း,ကိုကြည်လင်, ကိုအောင်ကြီး , အခမ်းအနားပွဲပြီး သိမ်းဆည်းသန့်ရှင်းကုသိုဟ်ယူခဲ့ပါသော ကိုအောင်နိုင်ထွေး, ဦးလှစု နှင့် သား , သမီး မိသားစု တို့နှင့် သီးခြားဖော်ပြပါ အလှူ့ရှင်အားလုံးတို့အား ဗုဒ္ဓသာသနရံသီအသင်းသာသနာ့ဒါယကာ,ဒါယိကာမများမှ ဝမ်းမြောက်နုမော် သာဓု,သာဓု,သာဓု ခေါ်၍ ကျေးဇူးဥပကာရအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


ဓမ္မသဘင်ပူဇော်ပွဲနေ့ သင်္ကန်း အလှူ ရှင်များ

ကိုသိန်းဇော်-မစန်းစန်းမြိုင် မိသားစု Offenbach
ကိုအောင်ကြီး-မစိမ့်စိမ့်လှိုင် သား မောင်သုတအောင် မိသားစု
မခင်သူဇာ သား မောင်သန့်ဆက်ဝေ မိသားစု
ကိုမျိုးဇော်-မရွေးရွေးမော် သမီး မသျှင်းဏီချယ် မိသားစု
ဦးကြည်ဝင်း-ဒေါ်လင်းလင်းလက် မိသားစု
ဦးမျိုးမင်း-ဒေါ်သန်းသန်းဦး မိသားစု  Höchst
ကိုဝင်းကိုမြတ်-မဖြိုးဖြိုး
ဗမာစတိုး
ကိုတိုးအောင်ထွန်း-ဒေါ်အေးအေးကြည် မိသားစု Offenbach
မနန်းခမ်းပေါင် မိသားစု Offenbach
ကိုညီညီ-မသန်းသန်းဝင်း သမီး မဆုယမင်းသူ မိသားစု
ကိုနေဝင်းလှိုင်-မမိစံ သမီး မဇူးဇူးလှိုင် မိသားစု
ကိုလှမောင်သန်း-မစောစန္ဒလင်း သမီး ဂျူ လီယာ  သား လီယွန် မိသားစု
ကိုသိန်းနိုင်ဆွေ
ကိုမင်းဦး-မပြုံး မိသားစု  
ကိုခင်မောင်ဆွေ-မနွဲ့ယဉ်ယဉ် သားကြီး ထက်  သားငယ် ကျော် မိသားစု Offenbach
ကိုစိုးခင် မိသားစု
ကိုအောင်ဇေယျ      

 ဧည့်ခံကြွေးမွေးရေးအတွက် စုပေါင်းအလှူ့ရှင်များ

ကိုရှိန်း-မနန်း Wiesbaden      ၅၀ ယူရို
ဒေါ်တင်တင်မြင့်                   ၃၀ ယူရို
ကိုသိန်းနိုင်ဆွေ                    ၂၅ ယူရို
ဦးကြည်ဝင်း မိသားစု             ၂၀ ယူရို
ဦးစိုးလွင်-မမင်းမင်းလှိုင်
မိသားစု Darmstadt             ၂၀ ယူရို
ကိုစိုးမြင့်-မထွေးထွေး            ၂၀ ယူရို
ဒေါ်ကျင်သန်း                      ၂၀ ယူရို
ကိုအေးမင်း                         ၁၀ ယူရို
ဦးလှ-ဒေါ်ခင်ထွေး                 ၁၀ ယူရို
ကိုဝင်းနိုင်ဦး(ကိုဆန်နီ)           ၁၀ ယူရို

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု , ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု , ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
သာဓု, သာဓု, သာဓု။