Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Monday, October 21, 2013

အဘိဓမ္မာအခါတော်နေ့ ကျင်းပပြုလုပ်ခြင်း

ဂျာမနီနိုင်ငံ၊ ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများ၏ အဘိဓမ္မာအခါတော်နေ့ပွဲတော်ကို SAALBAU NIED ၌ အောင်မြင်းစွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ နံနက် ၁၁း ၁၅ နာရီအချိန်တွင် ဘုရားအမှူးထား၍ ဆရာတော်အား နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိသတ်များအား အုန်းထမင်းနှင့် ကြက်သား၊ ဆိတ်သားဖတ်၊ ကျောက်ကျော၊ အချိုရည်၊ သာကူပြင်၊ ရွှေကြည်၊ သစ်သီးစုံ၊ တို့ဟူးသုပ်၊ ငါးဖယ်သုပ် စသည်တို့ဖြင့် တည်ခင်းဧည့်ခံလှူဒါန်းကြပါတယ်။ နေ့လည် ၁း ၀၀ နာရီအချိန်တွင် အခမ်းအနားကို နမော တဿသ  သုံးကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့ကြပါတယ်၊ အဲဒီနောက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်များ နာယူခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်၊ အဲဒီနောက် ဆရာတော်နဲ့ ပရိသတ်များက ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ပါဠိတော်ကို ရွတ်ဆိုပူဇော်ပြီး၊ မေတ္တာပို့ ဆုတောင်းကြကာ အမျှဝေခဲ့ကြပါတယ်။ အလှူရှင်များမှ အဘိဓမ္မာအခါတော်နေ့ပွဲတော်အတွက် အလှူငွေများလည်း လှူဒါန်းခဲ့ကြသဖြင့် အလှူငွေစုစုပေါင်း ၃၉၅ ယူရိုရရှိခဲ့ပြီး ကုန်ကျငွေ ၃၉ ယူရို ကုန်ကျခဲ့ပါတယ်။ ကျန်ရှိငွေ ၃၅၆ ယူရို လက်ခံရရှိပါတယ်။ 

Saturday, October 12, 2013

GLS BANK မှ POST BANK သို့ ဘဏ်လိပ်စာ ပြောင်းရွှေ့ထားခြင်း

POST BANK အကောင့် SPENDEN KONTO; POSTBANK; KONTO Nr; : 999 472 605, BLZ 500 100 60

BIC: PBNKDEFF; IBAN CODE: DE 57 5001 0060 0999 4726 05 သို့ 01. 11. 2013 ရက်မှစ၍ ပြောင်းရွှေ့လှူဒါန်းကြပါရန် အသိပေး ပန်ကြားအပ်ပါသည်။

သီတင်းကျွတ် အဘိဓမ္မာ အခါတော်နေ့ပွဲတော် ဖိတ်ကြားခြင်း

ဂျာမနီနိုင်ငံ၊ ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများရဲ့ သီတင်းကျွတ် အဘိဓမ္မာ အခါတော်နေ့ ပွဲတော် အထိမ်းအမှတ်အဖြစ် ပဋ္ဌာန်း ပစ္စယနိဒ္ဒေသပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းကို SAALBAU NIED ၌ ၂၀. ၁၀. ၂၀၁၃ ရက် တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကြွရောက်လာကြသည့် ဧည့်ပရိသတ်များ အား အောက်ဖော်ပြပါ အလှူရှင်များမှ အုန်းထမင်း၊ ကြက်သား၊ မုန့်အချိုပွဲများဖြင့် တည်ခင်းဧည့်ခံ လှူဒါန်းကြမည် ဖြစ်ပါသဖြင့် ဗုဒ္ဓဘာသာဝင်များ ကြွရောက်ကြည်ညို ကုသိုလ်ယူကြပါရန် ခင်မင်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေရာ။          ။ SAALBAU NIED
                                        HEINRICH - STAHL - STR 3
                                        65934 FRANKFURT AM MAIN
ဆွမ်းဆက်ကပ်ချိန်။       ။ ၁၁း ၁၅ နာရီ
ကျင်းပမည့်အချိန်။         ။ နံနက် ၁၀း ၀၀ နာရီ မှ ညနေ ၄း ၀၀ နာရီအထိ

လှူဒါန်းကြမည့် အလှူရှင်များနှင့် လှူဒါန်းဖွယ်ရာများ
၁။ ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် မိသားစုမှ ကြက်သားပတ်
၂။ ကိုညီညီ + မသန်းသန်းဝင်း မိသားစုမှ ရွှေကြည်ဆနွင်းမကင်း၊ ငပိကြော်
၃။ ကိုနေ၀င်းလှိုင် + မမိစံ မိသားစုမှ ကောက်ညှင်းရွှေကြည် 
၎။ ကိုတိုးကြီး + မအေးအေးကြည် မိသားစုမှ သစ်သီးစုံ
၅။ ဦးလှ + ဒေါ်ခင်ထွေး မိသားစုမှ တို့ဟူးခေါက်ဆွဲသုပ်
၆။ ဦးစိုးမြင့် + ဒေါ်နုထွေး မိသားစုမှ ငါးဖယ်ကျောက်ပွင့်သုပ်
၇။ ကိုကြည်လင် + မသော်တာ မိသားစုမှ ကျောက်ကျော
၈။ ဦးတင်ဖေ + ဒေါ်အုန်းမမ မိသားစုမှ ချဉ်ပေါင်ဟင်းချို
၉။ ဦးသိန်းယု + ဒေါ်ချစ်ချစ် မိသားစုမှ အုန်းထမင်း + ကြက်သားဟင်းနှင့် လဖက်ရည်
၁၀။ ကိုအောင်ဇေယျ မှ သောက်ရေသန့်နှင့် အချိုရည် တို့ဖြင့် တည်ခင်းဧည့်ခံ လှူဒါန်းကြမည်ဖြစ်ပါသည်။

မှတ်ချက်။     ။ လှူဒါန်းလိုကြသည့် အလှူ`ရှင်များအနေဖြင့် အသင်းကော်မတီထံသို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြပါသည်။