Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Saturday, July 28, 2012

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ နှင့် ပဗ္ဗဇ္ဇိတ ရှင်ပြုပွဲ အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ

 လေးစားအပ်ပါသော မြန်မာ ဗုဒ္ဓဘာသာဝင်များနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့ ခင်ဗျား။ 
ဖရန့်ဖို့မြို့၊ဗုဒ္ဓသာသနရံသီ ကျောင်း၏  ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်ပညာဝံသ အား စတုတ္ထ အကြိမ်မြောက် ၀ါဆိုသင်္ကန်းအစရှိသော လှူဒါန်းဖွယ်ရာ ဒါတဗ္ဗ၀တ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ စုပေါင်း၍ နေ့ဆွမ်း ဆက်ကပ်ခြင်းနှင့် အတူ နှစ်ဖက်မိဘများအား အမှူးထား၍ Ludwigshafen မြို့နေ အလှူရှင် ဒေါက်တာ ဦးကျော်ကျော် + အလှူ အမ ဒေါက်တာ ဒေါ်သင်းသင်းဦး တို့၏ တစ်ဦးတည်းသော သားလှရတနာ မောင်ဇေယျာမိုး အား ဒုတိယအကြိမ်မြောက် ပဗ္ဗဇ္ဇိတ ရှင်ပြုမင်္ဂလာ အခမ်းအနားကိုပါ ကျင်းပပြုလုပ်သွား မည်ဖြစ်ပါ သောကြောင့် ဖော်ပြပါ အစီအစဉ်အတိုင်း ကြွရောက် ကြည်ညို လှူဒါန်းကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
          ကုသိုလ်သဒ္ဓါ ပီတိဖြာ၍ နေ့ဆွမ်းဆက်ကပ် လှူဒါန်းလိုပါကလည်း မိမိတို့ နှစ်သက်ရာ ဆွမ်းဟင်း လျှာများ ချက်ပြုတ်၍ ဆက်ကပ်လှူဒါန်းနိုင်ပါသည်။ ကြွရောက်ကြည်ညို လှူဒါန်းကြသော ဧည့်ပရိသတ်များ ကိုလည်း အလှူရှင် ဒေါက်တာ ဦးကျော်ကျော် + အလှူအမ ဒေါက်တာ ဒေါ်သင်းသင်းဦး မိသားစု မှ မြန်မာ့ရိုးရာ မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါမည်။
နေ့ရက်။          ။ ၀၅. ၀၈. ၂၀၁၂ (တနင်္ဂနွေနေ့)။
နေရာ။            ။ BORNHEIM SAALBAU ခန်းမ။ Arnsburger Str 24,
             60385 Frankfurt am Main
                       U 4 စီး၍ Hohen Str တွင် ဆင်းရန်။
အချိန်။            ။ နံနက် ၁၀း ၀၀ နာရီ မှ မွန်းလွဲ ၁၇း ၀၀ နာရီထိ။


ဗုဒ္ဓသာသနရံသီ အသင်း

Sunday, July 22, 2012

အမြန်မှာထားမှ စိတ်ချရမည်

ဗုဒ္ဓသာသနရံသီ အသင်း(၆)နှစ်ပြည့်မြောက် အထိမ်းအမှတ်ပွဲ၏ မှတ်တမ်းတင် ဗွီဒီယိုအခွေကို တစ်ခွေ (၁၅) ယူရိုနှင့် စုစုပေါင်း အခွေ(၄၀)တိတိကိုသာ ရောင်းချသွားမည်ဖြစ်သောကြောင့်ဝယ်ယူကြည့်ရှုလိုသူများ အနေနှင့် အောက်ပါ ပုဂ္ဂိုလ်များထံတွင် ကြိုတင်စာရင်းပေးမှာကြားပါရန် ခင်မင်ရင်းနှီးစွာဖြင့် တိုက်တွန်း လိုက်ပါသည်။
ယခု (၅၀)%  ရောင်းချပြီးပြီ ဖြစ်သောကြောင့် မရလိုက်ဘူးမဖြစ်ရအောင် ကြိုတင်မှာထားဘို့ လိုအပ်ပါသည်။
အခွေများအားလုံး သြဂုတ်လ လယ်ပိုင်းလောက် ထွက်ရှိမှာဖြစ်ပါတယ်။

ဆက်သွယ်မှာကြားရန် ---
(၁) ကိုဦး                 (၀၆၉ ၃၆၇၀ ၃၇ ၁၅)
(၂) ကိုသိန်းယု           (၀၆၉ ၂၄၀၀ ၄၇ ၀၁)
(၃) ဗုဒ္ဓသာသနရံသီ အသင်း (၀၆၉ ၅၆၉၉ ၃၆ ၃၃)

Saturday, July 21, 2012

ဓါတ်ပုံမှတ်တမ်းအမှတ်(၈)




                                                      (ပြီးပါပြီ)

Friday, July 20, 2012

ဓါတ်ပုံမှတ်တမ်းအမှတ်(၇)






















                                ဓါတ်ပုံမှတ်တမ်းအမှတ်(၈)ဆက်လာမည်မျှော်ပါ။

Thursday, July 19, 2012

ဓါတ်ပုံမှတ်တမ်းအပိုင်း(၆)


































                                      အပိုင်း(၇)ဆက်လာမည်။မျှော်ပါ