Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Monday, October 21, 2013

အဘိဓမ္မာအခါတော်နေ့ ကျင်းပပြုလုပ်ခြင်း

ဂျာမနီနိုင်ငံ၊ ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများ၏ အဘိဓမ္မာအခါတော်နေ့ပွဲတော်ကို SAALBAU NIED ၌ အောင်မြင်းစွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ နံနက် ၁၁း ၁၅ နာရီအချိန်တွင် ဘုရားအမှူးထား၍ ဆရာတော်အား နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိသတ်များအား အုန်းထမင်းနှင့် ကြက်သား၊ ဆိတ်သားဖတ်၊ ကျောက်ကျော၊ အချိုရည်၊ သာကူပြင်၊ ရွှေကြည်၊ သစ်သီးစုံ၊ တို့ဟူးသုပ်၊ ငါးဖယ်သုပ် စသည်တို့ဖြင့် တည်ခင်းဧည့်ခံလှူဒါန်းကြပါတယ်။ နေ့လည် ၁း ၀၀ နာရီအချိန်တွင် အခမ်းအနားကို နမော တဿသ  သုံးကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့ကြပါတယ်၊ အဲဒီနောက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်များ နာယူခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်၊ အဲဒီနောက် ဆရာတော်နဲ့ ပရိသတ်များက ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ပါဠိတော်ကို ရွတ်ဆိုပူဇော်ပြီး၊ မေတ္တာပို့ ဆုတောင်းကြကာ အမျှဝေခဲ့ကြပါတယ်။ အလှူရှင်များမှ အဘိဓမ္မာအခါတော်နေ့ပွဲတော်အတွက် အလှူငွေများလည်း လှူဒါန်းခဲ့ကြသဖြင့် အလှူငွေစုစုပေါင်း ၃၉၅ ယူရိုရရှိခဲ့ပြီး ကုန်ကျငွေ ၃၉ ယူရို ကုန်ကျခဲ့ပါတယ်။ ကျန်ရှိငွေ ၃၅၆ ယူရို လက်ခံရရှိပါတယ်။