Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, September 9, 2012

ဖခင်ကြီး ဦးမြင့်ထွန်း အတွက် ရည်စူး၍ နေ့ဆွမ်းလှူ

လွန်ခဲ့သော (၇) ရက်က ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့သော ကိုမောင်မောင်စိုး ရဲ့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖခင်ကြီး ဦးမြင့်ထွန်း (၈၆) နှစ် အတွက် ရည်စူး၍ သီလဆောက်တည်၍ ပရိတ်တော်များ နာယူခြင်း၊ သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းနဲ့ ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခြင်းတို့ကို ဘုန်းတော်ကြီး ကျောင်းတိုက် မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ 
ဖခင်ကြီး ဦးမြင့်ထွန်း ရောက်ရာဘ၀ ဘုံဌာနမှ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါစေ။