Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Monday, September 3, 2012

မမြစမ်းအေး၏ မွေးနေ့အလှူကို Eissporthelle မှာ ပျော်ရွှင်စွာ ပြုလုပ်ခဲ့

ဗုဒ္ဓသာသနရံသီ အသင်း ဒု ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း +ဒေါ်မြစမ်းအေး (သား) မောင်သူရအောင် မိသားစုမှ မမြစမ်းအေး ရဲ့ ၀ိဇာတ မွေးနေ့အလှူအတွက် ၃၁. ၀၈. ၂၀၁၂ ရက် သောကြာနေ့က   အသင်း တိုက်တည်ရှိရာ ဘုန်းတော်ကြီးကျောင်းမှာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး  ၀၂. ၀၈. ၂၀၁၂ ရက် တနင်္ဂနွေနေ့ နံနက်မှာလည်း အရုဏ် ဖျာပုံ မုန့်ဟင်းခါးဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဧည့်ပရိသတ် များကိုလည်း Eissporthelle မှာ ဖျာပုံမုန့်ဟင်းခါး၊ အချိုပွဲများ၊ အကြော်များဖြင့် ပျော်ရွှင်စွာ တည်ခင်းဧည့်ခံ လှူဒါန်းခဲ့ကြပါတယ်။ ဧည့်ပရိသတ်များ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင် ၀မ်းမြောက်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။