ဗုဒ္ဓသာသနရံသီမိသားစုများစုပေါင်းပြီး အထူးပျော်ပွဲစားအစီအစဉ်တခုကို
စီစဉ်ထားပါသည်။ ကိုစိုးဝင်းသန်းမှဦးဆောင်ပြီး တနင်္ဂနွေနေ့(၁၆.၀၉.၂၀၁၂)
တွင်Lindau သို့ နေ့ချင်းပြန်အစီအစဉ်ဖြင့် သွားရောက်ကြမည်ဖြစ်ပါသည်။
အစီအစဉ်အနေဖြင့် နံနက် ၆ နာရီတွင် Frankfurt am Main Hbf မှစတင်
ထွတ်ခွာမည်ဖြစ်သောကြောင့် လိုက်ပါလိုသော ဗုဒ္ဓသာသနရံသီအဖွဲ့သားများ
အနေနှင့် နံနက် ၅နာရီ ၃၀ မိနစ်အရောက် ဘူတာကြီး ပလက်ဖောင်းအမှတ်(၁၀)
သို့အရောက်လာပေးရန်ပန်ကြားအပ်ပါသည်။
အချိန်နှင့်အတိအကျသွားရမည်ဖြစ်သောကြောင့် နောက်ကျသူများအား
စောင့်ဆိုင်းမည်မဟုတ်သောကြောင့်အမှီလာစေချင်ပါသည်။
ရထားလက်မှတ်များလည်း ထိုနေ့မှဝယ်မည်ဖြစ်သောကြောင့်ငွေကိုလဲလာပါရန်။
ဘဏ်ကဒ်ပြပြီးလိုက်မည့်သူလက်မခံပါခင်ဗျာ။
ပြန်ရောက်ချိန် ည(၁၂)နာရီတိတိ ဖြစ်ပါသည်။
စိတ်ဝင်စားပြီးလိုက်ပါလိုသူများအသေးစိတ်သိလိုပါက
ဖုန်းနံပါတ် (၀၁၅၂၀ ၂၃၃၀၁၂၁) ကိုမောင်မောင်ဝင်း ထံမေးမြန်းနိုင်ပါသည်။
အာမခံသည် (ခရီးစရိတ်သက်သာ၏)
(ဗုဒ္ဓသာသနရံသီအသင်း)