Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Saturday, September 1, 2012

မိခင်ကြီး ဒေါ်ရင်ရင်မြင့် အတွက် ရည်စူး၍ နေ့ဆွမ်းလှူ

ကိုတိုးအောင်ထွန်း + မအေးအေးကြည် (သား) မောင်ခန့်ဇော်ဟိန်း မိသားစုမှ မိခင်ကြီး ဒေါ်ရင်ရင်မြင့် အတွက် ရည်စူး၍ သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းတို့ကို ဘုန်းတော်ကြီးကျောင်းတိုက်မှာပဲ ကျင်းပပြုလုပ်ခဲ့ကြပြီး ကုသိုလ်အစုစုကို အမျှအတန်း များ ပေးဝေခဲ့ကြပါတယ်။ သင်္ကန်းဆက်ကပ် လှူဒါန်းသည့် ၀တ္ထုငွေကို ဘုန်းတော် ကြီးကျောင်း ဖြစ်မြောက်ရေး မတည် အလှူငွေထဲသို့ ထည့်ဝင် လှူဒါန်းပါသည်။
ဒီနေ့ဟာ ကိုနေ၀င်းလှိုင် + မမီစံ (သမီး) ဇူးဇူး မိသားစုရဲ့ လစဉ် (၁) ရက်နေ့တိုင်း ဆွမ်းဆက်ကပ် လှူဒါန်းနေကျ နေ့လည်းဖြစ်သဖြင့် အတူတကွ ကပ်လှူခဲ့ကြပါတယ်။ ဒါ့အပြင် ကိုကြည်လင်း + မသော်တာ မိသားစုမှလည်း သဒ္ဓါဆွမ်းများ လာရောက် ကပ်လှူကြပါတယ်။
အလှူရှင် မိသားစုများ ရွှင်လန်းချမ်းမြေ့ကြပါစေ။