Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Friday, August 31, 2012

မမြစမ်းအေး ရဲ့ မွေးနေ့ ဆွမ်းအလှူ

ဗုဒ္ဓသာသနရံသီ အသင်း ဒု ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း + ဒေါ်မြစမ်းအေး (သား) မောင်သူရအောင် မိသားစုမှ မမြစမ်းအေး ရဲ့ ၀ိဇာတ မွေးနေ့ကုသိုလ် မင်္ဂလာအဖြစ် ဘုန်းတော်ကြီးကျောင်းတိုက်မှာ (အုန်းထမင်း) ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနဲ့ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်  သီလဆောက်တည်ကြကာ ပရိတ်တရားတော်များနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေ ခဲ့ကြပါတယ်။ မွေးရက်ဖြစ်တဲ့အတွက် ဘုန်းတော်ကြီးကျောင်း မှာ နေ့ဆွမ်း ဆက်ကပ်ခြင်းဖြစ်ပြီး ၀၂. ၀၉. ၂၀၁၂ ရက်၊ တနင်္ဂနွေမှာတော့ ဧည့်ပရိသတ်များအား Eissporthalle မှာ တည်ခင်းဧည့်ခံ ကျွေးမွေးမှာ ဖြစ်ပါ တယ်။ 
ဒီနေ့ဟာ လစဉ် (၃၁) ရက်နေ့တိုင်း နေ့ဆွမ်း ဆက်ကပ်နေကျ ဖြစ်တဲ့ ဦးကြည်ဝင်း + ဒေါ်လင်းလင်းလက် (မငယ်) တို့ရဲ့ (သား) မောင်ဝေယံ ရဲ့ နေ့ဆွမ်းအလှူနေ့နဲ့လည်း တိုက်ဆိုင်တဲ့ ၀ိဇာတအလှူနေ့ လည်း ဖြစ်ပါတယ်။
မွေးနေ့ရှင် မိသားစုများနဲ့ တကွ ဧည့်ပရိသတ်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။