Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Tuesday, August 28, 2012

မခင်ပန်းခိုင် ရဲ့ မွေးနေ့ အလှူ

ကိုဝင်းထွဋ် + မခင်ညိုလွင် (သား) မောင်လီယိုခိုင် တို့မှ (သမီး) မခင်ပန်းခိုင် အတွက် မွေးနေ့အလှူ ကို နေအိမ်မှာပဲ ကျင်းပဲပြုလုပ်ခဲ့ပါတယ်။ မွေးနေ့နဲ့ မွေးရက်ပါ တိုက်ဆိုင်တဲ့ မွေးနေ့အလှူပွဲလည်းဖြစ် ပါတယ်။ နံနက် ၁၁း ၁၅ နာရီတွင် ဘုရားအမှူးထား၍ သံဃာတော်များအား ဆွမ်းခဲဖွယ် ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခြင်း၊ မွေးနေ့ကိတ်နဲ့အတူ အချိုပွဲများ ဆက်ကပ်လှူဒါန်းခြင်းတို့ ကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် သီလဆောက်တည်၍ ပရိတ်တရားတော်များကို နာယူကြကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပြီး ဧည့်ပရိသတ်များကိုလည်း ဧည့်ခံ ကျွေးမွေးလှူဒါန်း ခဲ့ကြပါတယ်။
မွေးနေ့ရှင် မိသားစုနဲ့တကွ ဧည့်ပရိသတ်များအားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။