Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, September 2, 2012

Ryan လတ်စိုး (ခေါ်) မောင်ဝင်းထွဋ်ဦး ရဲ့ ရက်(၁၀၀)ပြည့် မွေးနေ့အလှူ

ကိုဝင်းလတ်စိုး + မဆုနွယ်ဦး တို့ရဲ့ သားဦးရတနာ မောင်ဝင်းထွဋ်ဦး ရဲ့ ရက် (၁၀၀) ပြည့် ၀ိဇာတ မွေးနေ့ မင်္ဂလာအလှူကို နေအိမ်မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နံနက် ၁၁း၃၀ နာရီမှာ ဘုရားအမှူးထား၍ သံဃာတော်များအား ဆွမ်းခဲဖွယ် ဘောဇဉ်များကို ဆက်ကပ်လှူဒါန်းကြပြီး သီလဆောက်တည်ခြင်း ပရိတ် တရားတော်များကို နာယူခြင်းတို့ပြုလုပ်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်း များ ပေးဝေခဲ့ကြ ပါတယ်။ အဲဒီနောက် ဧည့်ပရိသတ်များအား တည်ခင်းဧည့်ခံ ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။
မွေးနေ့ရှင် မိသားစုနဲ့တကွ ဧည့်ပရိသတ်များအားလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် အမျိုးဘာသာ သာသနာ အကျိုး သယ်ပိုးနိုင်ကြပါစေ။