Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Saturday, June 9, 2012

ကိုကြည်လင် + မသော်တာ (သား) မျိုးမောင်မောင်ခန့် မိသားစု ဆွမ်းအလှူ

ကိုကြည်လင် + မသော်တာ (သား) မျိုးမောင်မောင်ခန့် မိသားစု နေ့ဆွမ်းအလှူနဲ့ ကိုသန်းကျော်စိုး + မချောတာလွင် ရဲ့ (သမီး) မထူးအိမ်ကျော် မွေးနေ့အလှူတို့ကို ကိုကြည်လင်တို့ရဲ့ နေအိမ်မှာပဲ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ရှေးဦးစွာ ဆွမ်းခဲဖွယ် ဘောဇဉ်များကို ဆက်ကပ်လှူဒါန်းကြပါတယ်။ အဲဒီနောက် သီလဆောက်တည်၍ ပရိတ်တရားတော်နာယူကြကာ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ၍ အမျှ အတန်းပေးဝေခဲ့ကြပါတယ်။
ဒါ့အပြင် အသင်းအမှုဆောင် ဦးလှစိုး + ဒေါ်သိန်းမြင့်တို့ရဲ့ (သားကြီး) ကိုစိုးမိုးသိမ်း + မသဉ္ဇာလွင် (သား) မောင်နေစိုးလင်း (သမီး) ရတနာ မိသားစု (Nurnberg) တို့မှလည်း ဆွမ်းဆန်အိတ်အပါအ၀င် လှူဒါန်းဖွယ်ရာ အဖြာဖြာတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။
အလှူရှင် မိသားစုများနဲ့ တကွ ဧည့်ပရိသတ်များအားလုံး ကျန်းမာ၊ ချမ်းသာကြ၍ လိုအင်ဆန္ဒများ လည်း ပြည့်ဝကြပါစေ။
ကိုကြည်လင် + မသော်တာ (သား) မောင်မျိုးမောင်မောင်ခန့် မိသားစုရဲ့ ဆွမ်းအလှူ




ကိုကြည်လင် + မသော်တာ (သား) မျိုးမောင်မောင်ခန့် မိသားစုနဲ့အတူ
 
ကိုသန်းကျော်စိုး + မချောတာလွင် (သမီး) မထူးအိမ်ကျော် မိသားစုနဲ့အတူ
မထူးအိမ်ကျော် ရဲ့ မွေးနေ့အလှူ
 
အသင်းအမှုဆောင် ဦးလှစိုး + ဒေါ်သိန်းမြင့် တို့ရဲ့ သားကြီး
ကိုစိုးမိုးသိမ်း + မသဉ္ဇာလွင် (သား) မောင်နေစိုးလင်း (သမီး) မရတနာ မိသားစု (Nurnberg) ရဲ့ အလှူ