Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Wednesday, June 6, 2012

ဘာလင်းမြို့၊ မြန်မာသံရုံး မိသားစုရဲ့ ဆွမ်းအလှူ

ဘာလင်းမြို့၊ မြန်မာသံရုံးသို့ မြန်မာနိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားရန်သွားရောက်စဉ် မြန်မာသံရုံး မိသားစုများမှ ၀၅. ၀၆. ၂၀၁၂ ရက်၊ အင်္ဂါနေ့တွင် ဆွမ်းခဲဖွယ်များ ဆက်ကပ် လှူဒါန်းခြင်း၊ ပရိတ် တရားတော်များနာယူခြင်းနဲ့ ကုသိုလ်ကောင်းမှု အဖို့ဘာဂ အမျှပေးဝေခြင်းတို့ကို ဘာလင်းမြို့၊ မြန်မာ သံရုံးမှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သံရုံး မိသားစုများမှ ယခုကဲ့သို့ ဆွမ်းကပ်လှူဒါန်း ခွင့်ရပြီး ပရိတ်တရား နာယူခွင့်ရတဲ့အတွက် အလွန်ပဲ ၀မ်းမြောက်ကြည်နူးရပါကြောင်း၊ နိုင်ငံရပ်ခြားမှာ ဆွမ်းကပ်လှူခွင့်နဲ့ ယခုကဲ့သို့ ပရိတ်တရားတော် နာယူခွင့် ရဖို့ရန် အလွန်ပင်ခဲယဉ်း ပါကြောင်းနဲ့ ဖရန့်ဖို့မြို့မှာ ဗုဒ္ဓသာသနရံသီ အသင်း တည်ရှိပြီး ဘုန်းတော်ကြီးကျောင်းတည်ရှိတဲ့ အတွက်လည်း ၀မ်းမြောက်ရ ပါကြောင်း တို့ကို လျှောက်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံကူးလက်မှတ်ကိုလည်း ချက်ချင်းဆောင် ရွက်ပေးခဲ့ပါတယ်။ အဲဒီအတွက်လည်း သံရုံးဝန်ထမ်း မိသားစုများကို အထူးကျေးဇူး တင်ရှိပါတယ်။ အဲဒီနောက် သံရုံးကားဖြင့် ဘူတာသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ 
သံရုံးမိသားစုများ အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။