Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, June 10, 2012

ကိုလှမောင်သန်း + မစောစန္ဒာလင်း (သမီး) စောဂျူလီယာမောင် မိသားစုရဲ့ နေ့ဆွမ်းအလှူ

ဗုဒ္ဓသာသနရံသီ အသင်း ဘဏ္ဍာရေးမှူး ကိုလှမောင်သန်း + မစောစန္ဒာလင်း (သမီး) စောဂျူလီယာမောင် မိသားစုရဲ့ နေ့ဆွမ်းဆက်ကပ်ခြင်း အလှူကို နေအိမ်မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ နေ့ဆွမ်း အလှူက  မစောစန္ဒာလင်း (မစန္ဒာ) ရဲ့ မွေးနေ့အဖြစ် ဆက်ကပ်လှူဒါန်းတဲ့ အလှူပွဲ ဖြစ်ပါတယ်။  မွေးနေ့ရှင် မိသားစုမှ ကြက်ဆီထမင်း၊ ရခိုင် မုန့်တီ၊ မွေးနေ့ကိတ် အပါအ၀င် အချိုပွဲများဖြင့် သက္ကစ္စဂါရ၀ တရားနဲ့အညီ လှူဒါန်း ဆက်ကပ်ခဲ့ကြပါတယ်။ အဲဒီနောက် ဧည့်ပရိသတ်များကိုလည်း ၀မ်းမြောက်ဝမ်းသာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါတယ်။ ဧည့်ပရိသတ် တော်တော်များများကို ဖိတ်ကာ ကျွေးမွေးဧည့်ခံပြီးနောက် မွေးနေ့ရှင် မိသားစုနဲ့အတူ ပရိသတ်များက သီလဆောက်တည်ကြပြီး၊ ပရိတ်တရားတော်များကို အတူတကွ နာယူကြကာ လှူဒါန်းမှု အစုစုတို့ ရေစက်သွန်းချ၍ အမျှအတန်းပေးဝေခဲ့ကြပါတယ်။ 
မွေးနေ့ရှင် မိသားစုနဲ့အတူ ဧည့်ပရိသတ်များအားလုံး ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်း ပြည့်ဝကြပါစေ။
  
 

ကိုစိုးဝင်းသန်း၊ ကိုစိုးဦးထွန်းတို့နဲ့ အတူ ကိုလှမောင်သန်း + မစောစန္ဒာလင်း (သမီး) စောဂျူလီယာမောင်တို့  နေ့ဆွမ်းဆက်ကပ် လှူဒါန်းနေကြစဉ်