၂၆. ၀၅. ၂၀၁၂ ရက်၊ စနေနေ့ဟာ ဒေါ်ကျင်ကျင်သန်း ရဲ့ သမီးရတနာ မမေထက်ကျော် (၂၅) နှစ်ပြည့် မွေးနေ့ဖြစ်ပြီး ၀ိဇာတ မွေးနေ့မင်္ဂလာကို မောင်ဥာဏ် + မမေထက်ကျော်တို့ရဲ့ အိမ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မွေးနေ့မှာ ဒန်ပေါက်ဆွမ်း စသည်တို့ဖြင့် ဘုရားအမှူးထား၍ သံဃာ့ဂုဏ်ကို အာရုံပြုကာ ဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များ ကိုလည်း လှူဒါန်းကျွေးမွေးခဲ့ပါတယ်။ အဲဒီနောက် သီလဆောက်တည်၍ ပရိတ်တရားမြတ်ကို နာယူကြကာ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ပါတယ်။
မွေးနေ့ရှင် မိသားစုနဲ့တကွ ဧည့်ပရိသတ်များအားလုံး လိုအင်ဆန္ဒပြည့်ဝကြပါစေ။
ဒေါ်ကျင်ကျင်သန်း (သမီး) မမေထက်ကျော် မိသားစုရဲ့ မွေးနေ့အလှူ

Berlin Time

