Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Saturday, May 26, 2012

ကံဆိုး၊ကံကောင်း၊ရှက်ဖို့ကောင်း၊နောက်ဆုံးလုပ်ရန်အကောင်းဆုံး။

ကံဆိုးလိုက်ပုံများ၊သဲစုမကဘုရားတွေ တစ်ဆူပြီးတစ်ဆူပွင့်သွားတောင်တာမှ
မဆုံလိုက်ရတဲ့ ကျွန်တော် အပါယ်လေးဘုံမှာ ချိုးကပ်နေခဲ့ရတာ သေချာတယ်။
ကံကောင်းလိုက်ပုံများ လူဖြစ်လာတာတောင်မှ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးတွေ
ပို့ချသွားတဲ့ နိဗ္ဗာန်ရောက်ကြောင်း သင်ခန်းစာတွေကို မြန်မာလိုအားရပါးရ
လေ့လာနိုင်ဘို့ မြန်မာလူမျိုးဖြစ်ရတာကို အရမ်းဝမ်းသာပါတယ်။
ရခဲလှတဲ့လူ့ဘဝကိုလည်းရခဲ့တယ် ဖြစ်ခဲလှတဲ့ဗုဒ္ဓဘာသာဝင်လည်း
ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့သေတဲ့အခါ အပါယ်ကိုပြန်ခုန်ဆင်းသွားမယ် ဆိုရင်တော့
တော်တော်ရှက်စရာကောင်းပါတယ်
ဒါကြောင့်ကံမဆိုးရအောင်၊ရှက်ဖို့မကောင်းရလေအောင်၊လုပ်ရန်အကောင်းဆုံး
ကတော့ အခုရခဲလှတဲ့ ဘဝကောင်းမှာ ကုသိုလ်ကောင်းတွေပြုကြရင်း
နိဗ္ဗာန်ကို ရည်မျှော်ပြီး၊ဗုဒ္ဓဘာသာရဲ့အနှစ်သာရတရားများကို ကျင့်ကြံ စည်းပွား
ကြရန်သာ ဖြစ်ပါတော့တယ်။
ဘုရားသာသနာတော်တွင်းမှာ လူလာဖြစ်ပါလျက် ဝိပသာနာကုသိုလ်မှ
ရမသွားဘူးဆိုရင် သာသနာတော်နှင့်တွေ့ရကျိုးမနပ်ဘူး။
ဘာကြောင့်လဲဆိုတော့ ဒါန၊သီလ၊သမထ ကုသိုလ်ဆိုတာတွေက
သာသနပမှာလည်းရှိတယ်၊    ဝိပသာနာကတော့ သာသနာပမှာမရှိဘူး၊
သာသနာအတွင်းမှာဘဲရှိတယ် ဒါကြောင့်ပါပဲ။
ပြီးတော့ တခြားဘာသာအယူအဆတွေလွှမ်းနေတဲ့ယနေ့ကျွန်တော်တို့
နေထိုင်တဲ့ဒီဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးများစုပေါင်းပြီး
ကျိုးစားတည်ထောင်ခဲ့လို့ ယခု ဗုဒ္ဓသာသနရံသီအသင်းကြီးဟာ ယနေ့အောင်မြင်
စွာ ပေါ်ပေါက်လာခဲ့ပြီဖြစ်တယ်။
ဒါကြောင့် အသင်းကြီး ဆက်လက်အောင်မြင်စွာတည်ရှိရန် အတွက် ကျွန်တော်တို့
အားလုံးညီညီညွတ်ညွတ် နဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်နဲ့
နားလည်မှုတွေနှင့် လက်တွဲဆောင်ရွက်ကြိုးပမ်းကြပါစို့လို့ ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။


                                             (ဗုဒ္ဓသာသနရံသီအသင်းအမှုဆောင်များ)