ဦးမောင်မောင်ဝင်း
+ ဒေါ်မြစမ်းအေး တို့ရဲ့ တစ်ဦးတည်းသော သားရတနာ မောင်သူရအောင် ရဲ့ (၂၂) နှစ်ပြည့်မြောက်
ဝိဇာတ မွေးနေ့အလှူကို ဗုဒ္ဓသာသနရံသီ အသင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ ပါတယ်။ လစဉ် ၂၅
ရက်နေ့တိုင်း မောင်သူရအောင် ရဲ့ မွေးနေ့ အဖြစ် ဆွမ်းကပ်လှူနေကြတဲ့ အလှူရှင်
မိသားစုလည်း ဖြစ်ပါတယ်။ ၂၅. ၀၅. ၂၀၁၂ ရက်ဟာ မောင်သူရအောင် ရဲ့ မွေးလ လည်း ဖြစ်သလို
မွေးနေ့ ဖြစ်တဲ့ သောကြာနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ မွေးနေ့ မွေးလ
တိုက်ဆိုင်ခဲတဲ့အတွက် ဖြူအဆင်နဲ့ တူယှဉ်ကာ လှူဒါန်းကြတဲ့ ထူးခြားတဲ့ မွေးနေ့အလှူ လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သောကြာနေ့တိုင်း ဆွမ်းဆက်ကပ်လှူဒါန်းနေတဲ့ မတင်ဇာအောင် ကလည်း ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသေးတယ်။
နံနက်
၁၁း ၁၅ နာရီတွင် အလှူရှင် မိသားစုမှ ဘုရားအမှူးထား၍ သံဃာ့ဂုဏ်ကို အာရုံပြုကာ
ဆွမ်းခဲဖွယ်ဘောဇဉ်တို့နဲ့ အချိုပွဲတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး
ဧည့်ပရိသတ်များကိုလည်း တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ အဲဒီနောက် နေ့လည် ၁း ၃၀
နာရီတွင် အလှူရှင် မိသားစုနဲ့ အတူ ပရိသတ်များက သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်ကို
နာယူခြင်း၊ အနုမောဒနာ တရားနာယူခြင်းနဲ့ ရေစက်သွန်းချ အမျှအတန်း ပေးဝေခြင်းတို့
ပြုလုပ်ခဲ့ကြ ပါတယ်။
မွေးနေ့ရှင်
မိသားစုနဲ့ တကွ ပရိသတ်များအားလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် အမျိုးဘာသာ
သာသနာအကျိုးကို သယ်ပိုးထမ်းရွက်နိုင်ကြပါစေ။
ဖြူအဆင်နဲ့ တူယှဉ်ကာ လှူဒါန်းကြတဲ့ ထူးခြားတဲ့ မွေးနေ့အလှူ
မတင်ဇာအောင် ရဲ့ ဆွမ်းအလှူ

Berlin Time

