Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, May 20, 2012

ဆုံနေကြဒီတနင်္ဂနွေ (၂၀.၀၅.၂၀၁၂) ဆွေးနွေးပွဲ



၂၀. ၀၅. ၂၀၁၂ ခုနှစ်၊ တနင်္ဂနွေနေ့မှာ ဗုဒ္ဓသာသနရံသီ အသင်းတိုက်တွင် အသင်းဥက္ကဋ္ဌဆရာတော် ဦးဆောင်၍ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါတယ်။
          အခမ်းအနား မစတင်မီ ဆရာတော်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြ ပါတယ်။ အဲဒီနောက် ဆရာတော်မှ တရားစကားအနည်းငယ် ပြောကြားပြီး မေတ္တသုတ် ပရိတ်တော်ကို ချီးမြှင့်ကာ ဆုတောင်းမေတ္တာပို့သ အမျှပေးဝေခဲ့ပါတယ်။
          ထို့နောက် နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ခဲ့ပါတယ်။ အခမ်းအနား တွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဆရာတော်မှ တာဝန်ယူ ဆောင်ရွက်ပြီး၊ အသင်းရဲ့ ဆောင်ရွက် ရမည့် တာဝန်များ၊ ကလေးငယ်များအတွက် ဘာသာရေးနဲ့ ပတ်သက်သည်များ၊ အသင်း နှစ်ပတ် လည်ပွဲ ပြီးစီးတဲ့အခါ အသင်းတိုက်တည်နေရာနဲ့ ပတ်သက်လို့ ဒီထက်ကြိုးစား ကြရမည်များကို မိန့်ကြားပါတယ်။
          ဒါ့အပြင် ဥရောပရှိ ရံသီအသင်းများမှ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် တတ်နိုင်သမျှ လှူဒါန်း ပါဝင်ကြရန်ကိုလည်း ထည့်သွင်းမိန့်ကြားခဲ့ပါတယ်။
          ထို့နောက် ဇူလိုင်လတွင် ကျင်းပပြုလုပ်မယ့် ညီညွတ်ရေးနှင်းဆီ အငြိမ့်ပွဲနဲ့ ပတ်သက်၍ အကျယ်တ၀င့် ဆွေးနွေးကြပါတယ်။
          ဒီအငြိမ့်ပွဲနဲ့ ပတ်သက်၍ အသင်းရဲ့ အတွင်းရေးမှူးမှ စီစဉ်ဆောင်ရွက်ရမယ့် အချက်အလက် (၁၁) ချက်ကို တစ်ချက်ချင်းစီ တင်ပြရာ၊ ဥက္ကဋ္ဌဆရာတော်နဲ့ ပရိသတ်များမှ  အစီအစဉ် များကို ဆွေးနွေးတိုင်ပင် အတည်ပြုချက် ရယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။