Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Monday, May 28, 2012

အသင်းအမှုဆောင် ဦးလှစိုး ရဲ့ မွေးနေ့အလှူ

ဗုဒ္ဓသာသနရံသီ အသင်းအမှုဆောင် ဦးလှစိုး + ဒေါ်သိန်းမြင့် မိသားစုမှ ဦးလှစိုး ရဲ့ (၇၀) ပြည့်နှစ် ၀ိဇာတ မွေးနေ့မင်္ဂလာနဲ့ မင်္ဂလာသက် (၄၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် ကုသိုလ်ပွဲကို အသင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလှူရှင် မိသားစုမှ ကြာဇံချက်၊ အချိုပွဲ မွေးနေ့ကိတ်တို့ဖြင့် လှူဒါန်း ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။ အလှူရှင် မိသားစု အစစအရာရာ အဆင်ပြေချောမွေ့စွာ လှူဒါန်းနိုင်ရန် ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် မိသားစုမှလည်း မိသားစုသဖွယ် ကူညီဆောင်ရွက်ရင်း  ကုသိုလ်ပြုခဲ့ကြပါတယ်။ 
အလှူရှင်မိသားစုနဲ့အတူ လစဉ် (၂၇) ရက်နေ့တိုင်း ဆွမ်းကပ်လှူနေ ကြဖြစ်တဲ့  ကိုမျိုးဇော် + မရွေးရွေး တို့ ဇနီးမောင်နှံမှလည်း ဆွမ်းဘောဇဉ်များ လာရောက်လှူဒါန်းခဲ့ကြတဲ့ အပြင် ကိုသန်းဝင်း + မ၀င်းခိုင်ဖြိုး မိသားစုမှလည်း ဆွမ်းခဲ့ဖွယ်များ လာရောက်လှူဒါန်းခဲ့ကြ ပါသေးတယ်။ နေ့လည် ၁း ၄၅ နာရီ အချိန်တွင် အလှူရှင် မိသားစုနဲ့ ဧည့်ပရိသတ်များ စုပေါင်း၍ သီလဆောက်တည်ခြင်း၊ အနုမောဒနာ တရားတော်နဲ့ ပရိတ်တရားတော်နာယူခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှအတန်း များ  ပေးဝေခဲ့ကြပါတယ်။
အလှူရှင် မိသားစုနဲ့ တကွ ဧည့်ပရိသတ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာစွာဖြင့် အတ္တဟိတ၊ ပရဟိတ၊ သာသနဟိတ တို့ကို ဆောင်ရွက်နိုင်ကြပါစေ။

အသင်းအမှုဆောင် ဦးလှစိုး + ဒေါ်သိန်းမြင့် တို့ ဆွမ်းကပ်ခဲ့စဉ် အမှတ်တရ
ကိုမျိုးဇော် + မရွေးရွေး တို့ ဆွမ်းကပ်ခဲ့စဉ် အမှတ်တရ