Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Friday, April 20, 2012

ညီညွတ်ခြင်း နှင်းဆီ


ဂျာမဏီနိုင်ငံတွင် ရှိကြသော မြန်မာနိုင်ငံသူ၊ နိုင်ငံသား အပေါင်းအသင်း ရောင်းရင်းများအတွက် အထူးသတင်းကောင်း ပါးလိုက်ပါရစေ။ ဂျာမဏီနိုင်ငံ ဗုဒ္ဓသာသနရံသီအသင်းကြီး ၏ (၆) နှစ်ပြည့်မြောက် အထိမ်းအမှတ်ပွဲအဖြစ် မြန်မာနိုင်ငံမှ ဖိတ်ကြားထားသော နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် နာမည်ကျော် ဒါရိုက်တာများနှင့် စုပေါင်းဖွဲ့စည်းထားသော ညီညွတ်ခြင်း နှင်းဆီအငြိမ့် အဖွဲ့သည် (၁၄. ၀၇. ၂၀၁၂) ရက်၊ စနေနေ့တွင် ဂျာမဏီနိုင်ငံ  Frankfurt am Main မြို့တွင် ဖျော်ဖြေဧည့်ခံသွားမည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ လာရောက်ကြည့်ရှုအားပေးကြပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားလိုက်ရပါတယ်။ လာရောက်ဖျော်ဖြေဧည့်ခံကြမည့် အနုပညာရှင်များကတော့
 (၁) ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုး
 (၂) ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် ထွန်းထွန်း
 (၃) ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် ရဲလေး
 (၄) ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် မိုးမိုး
 (၅) ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗိုလ်
 (၆) ရုပ်ရှင်သရုပ်ဆောင် မင်းသွေး
 (၇) ရုပ်ရှင်သရုပ်ဆောင်နှင့် နိုင်ငံကျော် ဇာတ်မင်းသားလေး တင်မောင်ဆန်းမင်းဝင်း
 (၈) ရုပ်ရှင်သရုပ်ဆောင် မိုးယုစံ
 (၉) အဆိုတော် ဂျင်းနီ    တို့ ဖြစ်ကြပြီး၊ မြန်မာနိုင်ငံ၏ နိုင်ငံကျော် ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း (ရင်တွင်းဖြစ်) မှ ဦးဆောင် ပြီး ဖျော်ဖြေတင်ဆက် ကပြပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါး လိုက်ပါရစေ။ လက်မှတ်များကိုလည်း မကြာမီ ရောင်းချပေးသွားမည်ဖြစ်ပါ၍ အားပေးကြည့်ရှုကြမည့် မိတ်ဆွေများ အားလုံး ဗုဒ္ဓသာသနရံသီအသင်း မိသားစုများထံတွင် ဆက်သွယ်မေးမြန်း ဝယ်ယူအားပေးကြ ပါရန် နှိုးဆော်အပ်ပါသည်။