မြို့လည် Konstablerwache မှစစီးလျှင် ဘူတာကြီးဘက်သို့ S 1 (or) S 2 ရထားကိုစီးပြီး
ွGreisheim Bahnhof ပြီးလျှင် Nied Bahmhof သို့ရောက်ရှိမှာဖြစ်ပါသည်။
ဘူတာမှဆင်းပြီး ဘယ်ဘက်ကို ကြည့်လိုက်လျှင် Sallbau Nied ကိုလှမ်းမြင်နေရပြီဖြစ်ပါတယ်။
အဲ့ဒါမှ မတွေ့လျှင် အသင်းမှ တစ်ယောက် ကို ဖုန်းဆက်လိုက်ပါ။
Börneplatz မှစ၍ မြေပေါ်ရထား အမှတ် (၁၁)ကို ဘူတာကြီးဘက်သို့ဦးတည် စီးလျှင်လည်း
Luthmer မှတ်တိုင် ရောက်လျှင် ရထားဦးပိုင်းဘက်မှ ညာဘက်သို့ကွေ့ပြီး မီတာ ၅၀ လောက်
လမ်းလျှောက်လျှင်လည်းရောက်မှာဖြစ်ပါသည်။Fechenheim နှင့် Galluswarte ဘက်မှလာမည့်
သူများအတွက် ပိုအဆင်ပြေပါသည်။
အထူးသတိပေးချင်ပါတယ်။ ။ ကာရာအိုကေသီချင်းသီဆိုကြမည့် ဝါသနာရှင်များ
အနေနှင့် မိမိတို့သီဆိုမည့် သီချင်း VCD အခွေအား ကိုယ်တိုင်ယူဆောင်လာမည်
ဆိုလျှင် ပိုပြီးအဆင်ပြေမည် ဖြစ်ကြောင်း အသိပေးလိုက်ရပါသည်ခင်ဗျာ။
ကျေးဇူးအထူးတင်ရှိပါသည်။
(ဗုဒ္ဓသာသနရံသီအသင်း အမှုဆောင်များ)