Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Saturday, April 21, 2012

ကိုသန်းထွန်းအောင် + မလွင်လွင်စိုး မိသားစု အလှူ


ကိုသန်းထွန်းအောင် + မလွင်လွင်စိုး (သမီး) မသျှီသူသူဟန် မိသားစုမှ ဒန်ပေါက်ဆွမ်းတို့ဖြင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ လစဉ် ၂၁ ရက်နေ့တိုင်း ဆွမ်းအလှည့် တာဝန်ယူပြီး ဆွမ်းဆက်ကပ် လှူဒါန်းလျက်လည်း ရှိပါတယ်။ ဒီ ၂၁ ရက်နေ့ဟာ စနေနေ့နဲ့ တိုက်ဆိုင်နေသဖြင့် အိမ်သို့ ပင့်ဖိတ်၍ ဆွမ်းခဲဖွယ်တို့ကို ဆက်ကပ်လှူဒါန်းကာ ဧည့်ပရိသတ်များအားလည်း ဒန်ပေါက်ထမင်းဖြင့်ပင် မွန်မွန်မြတ်မြတ် ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ မြန်မာမိသားစုရဲ့ မြန်မာ့နှစ်သစ်ဦး အလှူလည်း ဖြစ်ပါတယ်။ ဆွမ်းခဲဖွယ်များ ဆက်ကပ်လှူဒါန်းပြီးနောက် သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်မြတ်ကို သက္ကစ္စ ဂါရ၀တရား ရှေ့ထားကာ နာယူမှတ်သားကြခြင်း၊ ဒီကနေ့ ပြုလုပ်လှူဒါန်းကြရတဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တို့ကို ရေစက်သွန်းချ၍ အမျှပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ အလှူရှင် မိသားစုရဲ့ မြန်မာရိုးရာ အ၀တ်အထည်တို့ကို ၀တ်ဆင်၍ ဆက်ကပ်လှူဒါန်းခြင်းဟာ တွေ့မြင်ရသူ အပေါင်းရဲ့ စိတ်နှလုံးကို ကြည်နူးမှု ထူးဆန်းမှုကို ဖြစ်စေခဲ့ပါတယ်။ အလှူရှင် မိသားစုများနှင့် တကွ ပရိသတ်များအားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ။


သမီး သျှီသူသူဟန်ရဲ့ မြန်မာ့ရိုးရာ ၀တ်စုံနှင့် အမှတ်တရ