Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Monday, August 26, 2013

ဗုဒ္ဓသာသနရံသီ အသင်း မိသားစုများ၏ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား မှတ်တမ်း

ဗုဒ္ဓသာသနရံသီ အသင်း မိသားစုများ၏ ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို Nied Saalbau ၌ ၂၅. ၀၈. ၂၀၁၃ ရက်၊ တနင်္ဂနွေနေ့က စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ နံနက် ၁၁း ၀၀ နာရီအချိန်မှာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး၊ နေ့လည် ၁း၀၀ နာရီအချိန်မှာ ငါးပါးသီလဆောက်တည်၍ ပရိတ်တရားတော်များကို နာယူခြင်း၊ ၀ါဆိုသင်္ကန်းများ အသီးသီး ဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်၊ အဲဒီနောက် အနုမောဒနာတရားများ နာယူကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ  အမျှပေးဝေခဲ့ကြပါတယ်။ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် လှူဒါန်းငွေ စုစုပေါင်း  ၇၂၅ ယူရို ရရှိပါသည်။
အလှူရှင်မိသားစုများ အားလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် သာသနာပြုနိုင်ကြပါစေ။