Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Saturday, August 17, 2013

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားခြင်း

နှစ်စဉ်ကျင်းပမြဲဖြစ်သော ဂျာမနီနိုင်ငံ၊ ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများ စုပေါင်း၍ ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲကို ၂၅. ၀၈. ၂၀၁၃ ရက်၊ တနင်္ဂနွေနေ့တွင် ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ဗုဒ္ဓဘာသာဝင်များ ကြွရောက်ကြည်ညို ကုသိုလ်ယူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေရာ။        ။ Nied Saalbau, Heinrich - Stahl - Str 3, 65934 Frankfurt am Main
အချိန်                 ။        ။ နံနက် ၁၀း ၀၀ နာရီ မှ ညနေ ၃း ၀၀ နာရီအထိ
မိမိတို့ အစီအစဉ်ဖြင့် ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းကြပါမည်။
ဧည့်ပရိသတ်များအား ဦးသိန်းယု + ဒေါ်ချစ်ချစ် မိသားစု မှ မုန့်ဟင်းခါးဖြင့်လည်းကောင်း၊ ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် မိသားစုမှ ဖာလူဒါဖြင့်လည်းကောင်း၊ ကိုနေ၀င်းလှိုင် + မမိစံ မိသားစုမှ ကျောက်ကျောဖြင့် လည်းကောင်း၊ ကိုညီ + မသန်းသန်းဝင်း မိသားစုမှ ရွှေကျီမုန့်ဖြင့် လည်းကောင်း၊ ခွန်လွန်းကျော်နှင့် ဇနီး မိသားစုမှ တို့ဟူးသုပ်ဖြင့်လည်းကောင်း၊ ဦးတင်ဖေ + ဒေါ်အုံးမမ မိသားစုမှ အကြော်စုံဖြင့်လည်းကောင်း၊ ဦးလှ + ဒေါ်ခင်ထွေး မိသားစုမှ မုန့်လုံးကြီးဖြင့်လည်းကောင်း၊ ဒေါ်ကျင်သန်း မိသားစုမှ ပုသိမ်ဟာလ၀ါဖြင့်လည်းကောင်း တည်ခင်းဧည့်ခံ လှူဒါန်းကြ မည်ဖြစ်ပါသည်။
မှတ်ချက်။   ။ဆက်ကပ်လှူဒါန်းလိုကြသည့် အလှူရှင်များအနေဖြင့် ဗုဒ္ဓသာသနရံသီ အသင်း ကော်မတီထံသို့ ဆက်သွယ် နိုင်ကြပါသည်။

ဗုဒ္ဓသာသနရံသီ အသင်း