Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, June 17, 2012

ကျေးဇူးရှင် မိခင်ကြီးအတွက် လှူဒါန်းအမျှဝေ

ကိုကျော်လင်း ရဲ့ အနန္တဂိုဏ်းဝင် မိခင်ကြီး ဒေါ်မြသန်း အသက် (၈၄) နှစ်အတွက် ရည်းစူး၍ ဆွမ်းခဲဖွယ် ဘောဇဉ်များကို ဆက်ကပ်လှူဒါန်းခြင်း၊ သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော် နာယူခြင်းနဲ့ ရေစက်သွန်းချ အမျှအတန်း ပေးဝေခြင်းတို့ကို ဗုဒ္ဓသာသနရံသီ အသင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များကိုလည်း မုန့်ဟင်းခါး တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ 
ဒီန့ဟာ လစဉ် ၁၇ ရက်နေ့တိုင်း နေ့ဆွမ်းဆက်ကပ်နေကြတဲ့ကိုဦး + မသန္တာ တို့ ဇနီးမောင်နှံ တို့ရဲ့ နေ့ဆွမ်း ဆက်ကပ်နေကျ ရက်နဲ့လည်း တိုက်ဆိုင်နေတဲ့အတွက် ကိုဦး + မသန္တာ တို့ ဇနီးမောင်နှံမှ လည်း ဆွမ်းခဲဖွယ်များကို လာရောက်ဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။
အလှူရှင်များနဲ့ တကွ ဧည်ပရိသတ်များ အာလုံး ကျန်းမာ၊ ချမ်သားကြပါစေ။ ကိုကျော်လင်းရဲ့ အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် မိခင်ကြီး ဒေါ်မြသန်း လည်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်၍ မြင့်မြတ်သော ဘုံဘ၀ ဘုံဌာနသို့ တက်လှမ်းနိုင်ပါစေ။
 ကိုကျော်လင်း မှ မိခင်ကြီး အတွက် ရည်စူး၍ သင်္ကန်း ဆက်ကပ်လှူဒါန်းနေစဉ်
ကိုကျော်လင်း ၊ Dr မြတ်ခိုင် + ဒေါ်နွယ်ဦး၊ ကိုဦး + မသန္တာ၊ မမီစံ တို့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြစဉ်