Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, June 24, 2012

ညီမဖြစ်သူအတွက် တစ်လပြည့်မြောက် လှူဒါန်းအမျှဝေ


ကိုမင်းစိန်လင်း ရဲ့ ဒန်ပေါက်ဆွမ်း ဆက်ကပ်ခြင်းအလှူကို အသင်းတိုက်မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ အလှူပွဲမှာ ဒိန်းမတ်နိုင်ငံတွင် သီတင်းသုံးတော်မူသည့် ဆရာတော်ကြွရောက်လာတဲ့နေ့နဲ့ တိုက်ဆိုင်နေတဲ့ အတွက် ပို၍ ကုသိုလ် တရားများ တိုးပွားရပါတယ်။ နံနက် ၁၁း ၁၅ နာရီတွင် ဘုရားအမှူးထား၍ အလှူရှင် ကိုမင်းစိန်လင်းနဲ့ အတူ ဧည့်ပရိသတ်များက ဒန်ပေါက်ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အချိုပွဲများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ဧည့်ပရိသတ်များအား ဒန်ပေါက် ထမင်းဖြင့်ပင် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။ ကိုမင်းစိန်လင်း ရဲ့ အလှူပွဲအတွက်  ဒေါ်ခင်သန်းနွယ် (ဒေါ်နွယ်) မှ တာဝန်ယူ၍ ဒန်ပေါက်ဆွမ်းကို ကူညီဆောင်ရွက်ပေးခဲ့တဲ့အျတွက် အထူးပင် ကျေးဇူးတင် ၀မ်းမြောက်ခဲ့ ပါတယ်။ နေ့လည် ၁း ၀၀ နာရီအချိန်မှာ အလှူရှင် ကိုမင်းစိန်လင်းနဲ့ အတူ ဧည့်ပရိသတ်များက ဒိန်းမတ်ဆရာတော်ထံမှ သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်ကို နာယူခြင်းနဲ့ ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
အလှူရှင် ကိုမင်းစိန်လင်းနဲ့ တကွ ဧည့်ပရိသတ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာစွာနဲ့ သာသနာ ပြုနိုင်ကြပါစေ။

ကိုမင်းစိန်လင်း ရဲ့ ဒန်ပေါက်ဆွမ်းအလှူ

ဒေါ်သိန်းမြင့်၊ ဒေါ်နွယ်၊ ကိုမင်းစိန်လင်း၊ မမြိုင်၊ မလွင်လွင်စိုး တို့ နေ့ဆွမ်းဆက်ကပ်နေစဉ်

ဒိန်းမတ်ဆရာတော်ထံမှ သီလခံယူ၍ တရားနာယူနေကြစဉ်




ဒေါ်နွယ် ရဲ့ ဒန်ပေါက်လက်ရာ