သင်္ကြန်အကြို
တရားခန်းပွဲကို ဧပြီလ ၆ ရက်၊ ၇ ရက်၊ ၈ ရက်နေ့တို့တွင် ဗုဒ္ဓသာသနရံသီ
အသင်းတိုက် တည်ရှိရာ ဘုန်းတော်ကြီးကျောင်းတွင် အောင်မြင်စွာ
ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ ပထမအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့
တရားစခန်းပွဲလည်း ဖြစ်ပါတယ်။
သတိပဌာန် ၀ိပဿနာ အလုပ်ပေးတရားတော်ကို ဗုဒ္ဓသာသနရံသီ မိသားစုများ စိတ်ဝင်တစား ပွားများအားထုတ်ခဲ့ကြပါတယ်။
နေ့စဉ်
တရားပွားများအားထုတ်ကြတဲ့ ယောဂီများ ချမ်းချမ်းသာသာ
ပွားများအားထုတ်နိုင်ရန် ဖော်ပြပါ အလှူရှင်များမှ သဒ္ဓါတရား ထက်သန်စွာဖြင့်
ဆွမ်းခဲဖွယ်စသည်များကို ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
ဧပြီလ
၆ ရက် သောကြာနေ့တွင် ဦးလှမောင်သန်း + ဒေါ်စောစန္ဒာလင်း (သမီး) စောဂျူလီယာ
မိသားစု၊ ဧပြီလ ၇ ရက် စနေနေ့တွင် ဦးမောင်မောင်ဝင်း + ဒေါ်မြစမ်းအေး (သား)
မောင်သူရအောင် မိသားစု နှင့် ဧပြီလ ၈ ရက် တနင်္ဂနွေနေ့တွင် မိဘနှစ်ပါး
အမှူးထား၍ ဦးစိုးမိုးသိန်း + ဒေါ်သဉ္ဇာလွင် (သား) မောင်နေစိုးလင်း (သမီး)
မရတနာသိန်း မိသားစု တို့မှ ဆွမ်းခဲဖွယ်များ ဆက်ကပ်လှူဒါန်း
ဧည့်ခံခဲ့ကြပါတယ်။ ဦးလှစိုး + ဒေါ်သိန်းမြင့် မိသားစု၊ ကိုအောင်အောင် +
မစိမ့်စိမ့်လှိုင် (သား) မောင်သုတအောင် မိသားစုတို့မှလည်း နေ့စဉ်
အချိုပွဲများ လှူဒါန်းဆက်ကပ်ခဲ့ပါတယ်။ တရားအားထုတ်ကြတဲ့ ယောဂီများအတွက်
ကိုမင်းစိန်လင်းမှ ဆွမ်းဆန်၊ အချိုရည်နှင့် သောက်ရေသန့်များကိုလည်း
လှူဒါန်း၍ ဝေယျာဝစ္စကုသိုလ်များကို ရယူနိုင်ခဲ့ပါတယ်။