Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, February 12, 2012

ဆုံနေကြ တနင်္ဂနွေ (၁၂.၀၂.၂၀၁၂) ပြည်ထောင်စုနေ့

ဒီနေ့ဟာ အမိမြန်မာပြည်ရဲ့ ပြည်ထောင်စုနေ့လည်းဖြစ်၊ တနင်္ဂနွေနေ့လည်း ဖြစ်ပါတယ်။ ဖရန့်ဖို့မြို့ရဲ့ ရာသီဥတုကလည်း အအေးလွန်ကဲလျက်ရှိပါတယ်။ သို့သော်လည်း အသင်းမိသားစုများက အသင်းတိုက်သို့ လာရောက်၍ ဆွမ်းခဲဖွယ်ဘောဇဉ်များကို ဆက်ကပ်လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဓမ္မများကို နာယူခြင်းတို့ကို မပျက်မကွက် ပြုလုပ်ခဲ့ကြပါတယ်။