Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, January 29, 2012

အတွင်းရေးမှူး ဦးသိန်းယု၏ မွေးနေ့မင်္ဂလာ မှတ်တမ်း (၂၉.၀၁.၂၀၁၂)


ဗုဒ္ဓသာသနရံသီ အသင်းကြီး၏ အတွင်းရေးမှူး ဦးသိန်းယု၏ (၅၁) နှစ်ပြည့်မြောက်တဲ့ ၀ိဇာတမွေးနေ့  မင်္ဂလာအလှူကို အသင်းတိုက်မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မွေးနေ့မင်္ဂလာပွဲတွင် ဘုရားရှင်အား ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ပန်းစသည်တို့ကို ဆက်ကပ်လှူဒါန်းမှုများပြုလုပ်ပြီး ဘုရားအမှူးရှိတဲ့ သံဃာ့ဂုဏ်ကို အာရုံပြုလျက် ဆွမ်းခဲဖွယ်ဘောဇဉ် အရသာ အဖြာဖြာတို့ကို အလှူရှင် မိသားစုများနှင့် အတူ ဧည့်ပရိသတ်များက သက္ကစ္စ ဂါရ၀တရားရှေ့ထား၍ ဆက်ကပ်ခဲ့ကြပါတယ်။ တနင်္ဂနွေနေ့တိုင်း အသင်းတိုက်သို့ လာရောက်ဆွမ်းကပ်လှူကြပြီး တရားနာယူကြတဲ့  ဧည့်ပရိသတ်များအားလည်း မွန်မွန်မြတ်မြတ်ပဲ တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးပြီးနောက် သီလဆောက်တည်၍ ပရိတ်တရားတော်များကို နာယူကာ ကုသိုလ်ကောင်းမှုကို အမျှပေးဝေခဲ့ကြပါတယ်။ မွေးနေ့ အလှူရှင် မိသားစုများနှင့် တကွ ဧည့်ပရိသတ်များလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
မွေးနေ့အလှူရှင် အတွင်းရေးမှူး ဦးသိန်းယု ဇနီး ဒေါ်စောခင်ရီ (သား) မောင်ကျော်ဇောအောင် (ဟဟ)၊ (သမီး) မခင်မြတ်သူဇာ (ဖိန်းဖိန်း) တို့ ဆွမ်းဆက်ကပ်လှူဒါန်းနေစဉ်

အလှူရှင် မိသားစု အချိုပွဲ ဆက်ကပ်လှူဒါန်းနေစဉ်