Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Tuesday, September 20, 2011

သူငယ်ချင်း (ဦးဇော်မြင့်) အတွက် အမျှကုသိုလ်

၂၀. ၀၈. ၂၀၁၁ ရက်နေ့က ဦးဇော်မြင့် အသက် (၄၉) နှစ်ဟာ Mannheim hospital မှာ ဆုံးပါးသွား ခဲ့ပါတယ်။ သူဆုံးပါးသွားခဲ့တာကို သူငယ်ချင်းမိတ်ဆွေများ တစ်ယောက်မျှ မသိရှိခဲ့ကြပါ။ သူဆေးရုံ တက်နေစဉ် တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့တိုင်း သူငယ်ချင်းဖြစ်သူ ဦးမော်ဟိန်းနဲ့ ဖုန်းအဆက်အသွယ်တော့ ရှိခဲ့ပါတယ်။  နောက်ပိုင်း ဦးဇော်မြင့်ထံမှ ဖုန်းအဆက်အသွယ်မရတာနဲ့ အခြေအနေကို သိရအောင် သူ့ရဲ့ ရှေ့နေထံ ဖုန်းဆက်ပြီး စုံစမ်းကြည့်တော့မှ သြဂုတ်လ ၂၀ ရက်နေ့က ဆုံးသွားခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ ဆုံးပါးသွားခဲ့တဲ့ ဦးဇော်မြင့် အတွက် ရည်စူးလျှက် ရောက်ရာဘ၀မှ သာဓုအနုမော်ဒနာ ခေါ်ဆိုနိုင်ရန် သူငယ်ချင်းများ ဖြစ်ကြတဲ့ ဦးမော်ဟိန်း၊ ဦးခင်မောင်စိုးတို့မှ ၂၀. ၀၉. ၂၀၁၁ ရက်နေ့တွင်  တစ်လပြည့် ကုသိုလ်အဖြစ်  ဆွမ်းခဲဖွယ် ဘောဇဉ်များနှင့် သင်္ကန်းပရိက္ခရာတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ပရိတ် တရားတော်များ နာယူကြကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ်။