Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Friday, September 2, 2011

ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများ၏ ဥရောပ (ပြင်သစ်) ခရီးစဉ်


ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့တွင် နေထိုင်ကြသည့် ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများ စုပေါင်း၍ ပြင်သစ် နိုင်ငံသို့ နွေရာသီ အပန်းဖြေ လေ့လာရေးခရီးကို ၂. ၉. ၂၀၁၁ ယနေ့တွင် စတင်ကြမည်ဖြစ်ပါသည်။ အသင်းမိသားစုများသည် နွေရာသီတွင် တစ်နှစ် တစ်ကြိမ် စုပေါင်း၍ လေ့လာရေး ခရီးထွက်လေ့ ရှိကြပါသည်။ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ဒိန်းမတ်နိုင်ငံသို့  ပထမအကြိမ် လေ့လာရေး ခရီးထွက် ခဲ့ကြပါသည်။ ဤပြင်သစ်ခရီးစဉ်သည် အသင်း မိသားစုများ၏ ဒုတိယ အကြိမ်မြောက် လေ့လာရေး ခရီးစဉ်လည်း ဖြစ်ပါသည်။