Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Wednesday, August 31, 2011

တနင်္ဂနွေနေ့တိုင်း ပြုလုပ်လျှက်ရှိကြသည့် အသင်းမိသားစုများ၏ မြတ်ကုသိုလ်

ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများသည် တနင်္ဂနွေနေ့တိုင်း  ဒါန၊ သီလ၊ ဘာဝနာများကို စုပေါင်း၍ ပြုလုပ်ကြရန် ဘုန်းတော်ကြီး ကျောင်းသို့ လာရောက်လေ့ ရှိကြပါသည်။ ထိုသို့ လာရောက်ကြရာ တွင်  ရင်သွေးငယ်များကိုလည်း ခေါ်ဆောင် လာလေ့ ရှိကြပါသည်။ ရင်သွေးငယ်များ ဘာသာရေးနှင့် နီးစပ်မှု ရှိစေရန်၊ ရဟန်း သံဃာတော်များနှင့် ပြောဆိုတတ်စေရန် ခေါ်ဆောင်လာကြခြင်း လည်း ဖြစ်ပါသည်။ ဤဗုဒ္ဓ သာသနရံသီ ဘုန်းတော်ကြီးကျောင်း သည် မြန်မာဗုဒ္ဓဘာသာဝင် မိသား စုများ စုဝေး၍ ကောင်းမှုကုသိုလ် ပြုလုပ်ရာ နေရာတစ်ခုလည်း ဖြစ်ပါ သည်။  အသင်း မိသားစုများ တစ်ပတ်တစ်ခါ ဘုန်းတော်ကြီးကျောင်းတိုက်တွင် တွေ့ဆုံကြခြင်း ဖြင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စိတ်ကြည်နူးမှုတို့ကိုလည်း ဖြစ်ပေါ် စေခဲ့ပါသည်။

ဤနေ့တွင် ဘုန်းတော်ကြီးကျောင်းသို့ လာရောက်၍ ကုသိုလ် ပြုကြသည့် ဧည့်ပရိသတ်များကိုလည်း ဦးလှမောင်သန်း + ဒေါ်စောစန္ဒာလင်း (သမီး) Julia မိသားစုတို့မှ ရခိုင်မုန့်တီများဖြင့် လည်းကောင်း၊ ဦးမောင်မောင်ဝင်း + ဒေါ်မြစမ်းအေး (သား) မောင်သူရအောင် မိသားစုတို့မှ အချိုပွဲမုန့်များဖြင့်လည်းကောင်း ၀မ်းမြောက်ဝမ်းသာ တည်ခင်းဧည့်ခံ ကျွေးမွေးလှူဒါန်း ခဲ့ကြပါသည်။

အလှူရှင်မိသားစုများနှင့် အတူ အသင်းဝင် မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် သာသနာပြုနိုင်ကြပါစေ။ ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ။