Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Friday, July 29, 2011

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အစီအစဉ်များ

ဂျာမဏီနိုင်ငံ ဖရန်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီအသင်းသူ၊ အသင်းသားများစုပေါင်း၍ တတိယ အကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတို့ကို ၂၄. ၀၇. ၂၀၁၁ ရက် တနင်္ဂနွေနေ့တွင် Bornheim Saalbau ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အခမ်းအနားသို့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ သာသနရံသီ ဆရာတော် ဦးဥတ္တရနှင့် ဖင်လန်နိုင်ငံမှ ဆရာတော် ဦးပညာသာမိတို့လည်း ကြွရောက်ချီးမြှင့်ခဲ့ကြပါသည်။
          နံနက် ၁၁း ၀၀ နာရီအချိန်တွင် အလှူရှင်များက ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်ကြပြီး၊ ကြွရောက်လာကြသည့် ဧည့်ပရိသတ်များကိုလည်း ကြာဇံကြော်များဖြင့် တည်ခင်းဧည့်ခံ လှူဒါန်းခဲ့ကြပါသည်။
          အခမ်းအနားကို နေ့လည် ၁း ၀၀ နာရီအချိန်တွင် စတင်ခဲ့ပါသည်။ အခမ်းအနားမှူး အဖြစ် ဦးသိန်းယု မှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနား အစဉ်များကို ဖတ်ကြားခဲ့ပါသည်။
          အခမ်းအနား အစီအစဉ် ၁ အရ  ကြွလာကြသော ဆရာတော်များနှင့် ဧည့်ပရိသတ်များက  နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပါသည်။
          အစီအစဉ် ၂ အရ ဖင်လန်ဆရာတော် ဦးပညာသာမိ ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလဆောက်တည်ကြပါသည်။
          အစီအဉ် ၃ အရ အင်္ဂလန်ဆရာတော် ဦးဥတ္တရ ထံမှ သြ၀ါဒကထာကို နာယူခဲ့ကြပါသည်။
          အစီအစဉ် ၄ အရ အသင်း၏ အမှုဆောင် ဦးလှစိုးမှ ဗုဒ္ဓသာသနရံသီ တာဝန်ခံဆရာတော် ဦးပညာဝံသ၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပြီး အသင်းနှင့် ပတ်သက်သည်များကိုလည်း တင်ပြခဲ့ပါသည်။
          အစီအစဉ် ၅ အရ ကြွရောက်လာကြသည့် ဧည့်ပရိသတ်များမှ ဆရာတော်များအား ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
          အစီအစဉ် ၆ အရ အသင်း၏ ဘဏ္ဍာငွေရှင်းတမ်းကို ဦးမောင်မောင်ဝင်းမှ တင်ပြရှင်းလင်းခဲ့ပါသည်။
          အစီအစဉ် ၇ အရ ဗုဒ္ဓသာသနရံသီအသင်း၏ တာဝန်ခံဆရာတော်ထံမှ အနုမောဒနာတရားနာယူခဲ့ကြပါသည်။
          အစီအစဉ် ၈ အရ အင်္ဂလန်ဆရာတော်မှ ဧည့်ပရိသတ်များအား ရေစက်ချ အမျှပေးဝေခဲ့ပါသည်။
          အစီအစဉ် ၉ အရ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါသည်။