Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, May 18, 2014

Germany နိုင်ငံသို့ သာသနာပြူ့ခရီးစဉ် ကြွရောက်နေသော ဒုတိယဖြူးဆရာတော် ဒေါက်တာအဂ္ဂဝရ အားဦးထိပ်ထား၍ ဗုဒ္ဓသာသနာ့ရံသီအသင်းနှင့် Germany နိုင်ငံရောက် သာသနာ့ဒါယကာ, ဒါယိကာမများစုပေါင်းကျင်းပသော ဓမ္မသဘင်ပူဇော်ပွဲ

ပထမဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ၏ ဩဝါဒ သာသနာပြု လမ်းစဉ်အရ,,,ဒုတိယ ဖြူးဆရာတော် (ရန်ကုန်မြို့,လှိုင်မြို့နယ် ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် , မရမ်းကုန်းမြို့နယ် ကျောက်ရေတွင်းမြောက်ပိုင်း ရတနာစိန်စည်ပရိယတ္တိစာသင်တိုက် , ဖြူးမြို့ ဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်) တို့၏ ပဓာန နာယကဆရာတော် ဒေါက်တာအဂ္ဂဝရ (ဓမ္မာစရိယ၊M.A.,Ph.D) အရှင်သူမြတ်သည် ၉ ရက်၊မေလ မှ ၆ရက်၊ဇွန်လထိ ဂျာမနီ နှင့် ဥရောပနိုင်ငံများသို့ သာသနာပြူ့ခရီးစဉ် ကြွရောက်လျှက်ရှိပါသည်။ ယခု ဆရာတော်ဘုရားသည် ဂျာမနီနိုင်ငံတွင်းခရီးစဉ်ကြွရောက်နေပြီး ၂၃ ရက်၊မေလ Freitag ညနေပိုင်း၌ Frankfurt သို့ပြန်လည်ရောက်ရှိ၍ ဦးသိန်းယု - ဒေါ်ချစ် မိသားစုနေအိမ်၌ ခေတ္တတည်းခို သီတင်းသုံးမည်ဖြစ်ပါသည်။ဆရာတော်အရှင်သူမြတ်သည် ၂၅ ရက်၊မေလ Sonntag ၌ Frankfurt, Bornheim Mitte, Saarbau ခန်းမ၌ တရားရေအေးအမြိုက်ဆေး တိုက်ကျွေးဟောကြားတော်မူမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကြုံခဲလှစွာသော ဓမ္မသဘင်ပူဇော်ပွဲသို့ Frankfurt မြို့ပေါ်နှင့် အနီးပါတ်ဝန်းကျင်နေ ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့မှ ကြွရောက်၍ တရား နာကြားပူဇော်နိုင်ကြပါကြောင်း လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။