ဂျာမနီနိုင်ငံ၊ ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများရဲ့ သီတင်းကျွတ် အဘိဓမ္မာ အခါတော်နေ့ ပွဲတော် အထိမ်းအမှတ်အဖြစ် ပဋ္ဌာန်း ပစ္စယနိဒ္ဒေသပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းကို SAALBAU NIED ၌ ၂၀. ၁၀. ၂၀၁၃ ရက် တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကြွရောက်လာကြသည့် ဧည့်ပရိသတ်များ အား အောက်ဖော်ပြပါ အလှူရှင်များမှ အုန်းထမင်း၊ ကြက်သား၊ မုန့်အချိုပွဲများဖြင့် တည်ခင်းဧည့်ခံ လှူဒါန်းကြမည် ဖြစ်ပါသဖြင့် ဗုဒ္ဓဘာသာဝင်များ ကြွရောက်ကြည်ညို ကုသိုလ်ယူကြပါရန် ခင်မင်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေရာ။ ။ SAALBAU NIED
HEINRICH - STAHL - STR 3
65934 FRANKFURT AM MAIN
ဆွမ်းဆက်ကပ်ချိန်။ ။ ၁၁း ၁၅ နာရီ
ဆွမ်းဆက်ကပ်ချိန်။ ။ ၁၁း ၁၅ နာရီ
ကျင်းပမည့်အချိန်။ ။ နံနက် ၁၀း ၀၀ နာရီ မှ ညနေ ၄း ၀၀ နာရီအထိ
လှူဒါန်းကြမည့် အလှူရှင်များနှင့် လှူဒါန်းဖွယ်ရာများ
၁။ ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် မိသားစုမှ ကြက်သားပတ်
၂။ ကိုညီညီ + မသန်းသန်းဝင်း မိသားစုမှ ရွှေကြည်ဆနွင်းမကင်း၊ ငပိကြော်
၃။ ကိုနေ၀င်းလှိုင် + မမိစံ မိသားစုမှ ကောက်ညှင်းရွှေကြည်
၎။ ကိုတိုးကြီး + မအေးအေးကြည် မိသားစုမှ သစ်သီးစုံ
၅။ ဦးလှ + ဒေါ်ခင်ထွေး မိသားစုမှ တို့ဟူးခေါက်ဆွဲသုပ်
၆။ ဦးစိုးမြင့် + ဒေါ်နုထွေး မိသားစုမှ ငါးဖယ်ကျောက်ပွင့်သုပ်
၇။ ကိုကြည်လင် + မသော်တာ မိသားစုမှ ကျောက်ကျော
၈။ ဦးတင်ဖေ + ဒေါ်အုန်းမမ မိသားစုမှ ချဉ်ပေါင်ဟင်းချို
၉။ ဦးသိန်းယု + ဒေါ်ချစ်ချစ် မိသားစုမှ အုန်းထမင်း + ကြက်သားဟင်းနှင့် လဖက်ရည်
၁၀။ ကိုအောင်ဇေယျ မှ သောက်ရေသန့်နှင့် အချိုရည် တို့ဖြင့် တည်ခင်းဧည့်ခံ လှူဒါန်းကြမည်ဖြစ်ပါသည်။
မှတ်ချက်။ ။ လှူဒါန်းလိုကြသည့် အလှူ`ရှင်များအနေဖြင့် အသင်းကော်မတီထံသို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြပါသည်။
၁၀။ ကိုအောင်ဇေယျ မှ သောက်ရေသန့်နှင့် အချိုရည် တို့ဖြင့် တည်ခင်းဧည့်ခံ လှူဒါန်းကြမည်ဖြစ်ပါသည်။
မှတ်ချက်။ ။ လှူဒါန်းလိုကြသည့် အလှူ`ရှင်များအနေဖြင့် အသင်းကော်မတီထံသို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြပါသည်။