Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Monday, November 12, 2012

စုပေါင်းညီညာ အောင်ကြောင်းဖြာ

ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့မှာ နေထိုင်ကြတဲ့ မြန်မာဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ ဘုံကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ၀၄. ၁၁. ၂၀၁၂ ရက်၊ တနင်္ဂနွေနေ့တွင် Saalbau BornheimArnsburger Str 24,60385, Frankfurt မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား သို့ အင်္ဂလန်နိုင်ငံမှ သာသနရံသီ ဆရာတော်၊ ပြင်သစ်နိုင်ငံမှ ဆရာတော် ဦးကုမာရ၊ ဖင်လန်မှ ဆရာတော် ဦးကုသလ တို့ ကြွရောက်ချီးမြှင့်ခဲ့ကြပြီး နံနက် ၁၁း ၀၀ နာရီ အချိန်မှာ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြပါတယ်၊ ကြွရောက်လာကြတဲ့ ဆရာတော်သံဃာတော်များနဲ့ ပရိသတ်များအား ဒေါက်တာ ဦးအေးနိုင် + ဒေါ်သန်းသန်းချို မိသားစု (လန်ဒန်)၊ ဒေါ်ခင်သန်းနွယ် (ဒေါ်နွယ်) သား ကိုဇင် မိသားစုနဲ့ ဦးကြည်ဝင်း + ဒေါ်လင်းလင်းလက် (မငယ်) မိသားစုတို့မှ ဆွမ်းခဲဖွယ် စသည်တို့ဖြင့် တည်ခင်းဧည့်ခံ လှူဒါန်းခဲ့ကြပါ တယ်။ 
အခမ်းအနားကို နေ့လည် ၁း ၀၀ နာရီအချိန်မှာ စတင်ကျင်းပခဲ့ပြီး အခမ်းအနားမှူးအဖြစ် ကိုမင်းစိန်လင်းမှ ဆောင်ရွက်ခဲ့ပါတယ်။ 
အစီအစဉ် (၁) အရ အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပါတယ်။
အစီအစဉ် (၂) အရ ပြင်သစ်ဆရာတော်ထံမှ ပရိသတ်များက ငါးသီလ ခံဆောက်တည်ကြပါတယ်။
အစီအစဉ် (၃) အရ ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြပါတယ်။
အစီအစဉ် (၄) အရ အသင်းဥက္ကဋ္ဌ အင်္ဂလန်ဆရာတော် ဦးဥတ္တရ ထံမှ သြ၀ါဒ စကား နာယူကြပါတယ်။
အစီအစဉ် (၅) အရ ပရိသတ်များမှ ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပါတယ်။
အစီအစဉ် (၆) အရ ဗုဒ္ဓသာသနရံသီ ဆရာတော်ထံမှ ကထိန်အနုမောဒနာ တရားတော်များ နာယူကြပါ တယ်။
အစီအစဉ် (၇) အရ ဗုဒ္ဓသာသနရံသီ ကျောင်းတော်ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များမှ အသင်း အမှုဆောင်များထံ အလှူငွေများ လှူဒါန်းခြင်းနဲ့ မှတ်တမ်းလွှာ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
အစီအစဉ် (၈) အရ အသင်း ဒု ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း မှ ကျောင်းတော်ဝယ်နိုင်ရေးနဲ့ ပတ်သက်၍ ရှင်းလင်းပြောကြားပါတယ်။
အစီအစဉ် (၉) အရ ကျောင်းမတည်အလှူရှင် ဒေါ်သန်းသန်းချို မှ ကျောင်းတော်ဖြစ်မြောက်ရေးနဲ့ ပတ်သက်၍ ၀ိုင်းဝန်းအားပေးလှူဒါန်းကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
အစီအစဉ် (၁၀) အရ အသင်းအမှုဆောင် ဦးလှစိုး မှ အသင်းအမှုဆောင်များကိုယ်စား ကျေးဇူးတင် ၀မ်းမြောက်ဖွယ် စကားပြောကြားခဲ့ပါတယ်။
အစီအစဉ် (၁၁) အရ အသင်းဥက္ကဋ္ဌ ဆရာတော်ထံမှ ရေစက်သွန်းချ အမျှပေးဝေခဲ့ပါတယ်။
အစီအစဉ် (၁၂) အရ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြပါတယ်။
အလှူရှင် မိသားစုများအားလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်းနဲ့ အထူးပင် ကျေးဇူးတင် ၀မ်းမြောက်ပါကြောင်း မှတ်တမ်းတင်အပ် ပါတယ်။