Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, October 14, 2012

မွေးနေ့ ကုသိုလ်ပွဲ အလှူ

ဗုဒ္ဓသာသနရံသီ အသင်း ကျောင်းထိုင်ဆရာတော်ရဲ့ မွေးနေ့ကုသိုလ် အလှူကို Haus der Juend frankfurt Deutschherrnefer 12 -60594 Frankfurt ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ နံနက် ၁၁း ၃၀ နာရီမှာ နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းပြီး မွေးနေ့ပွဲသို့ ကြွရောက်လာ ကြတဲ့ ဧည့်ပရိသတ်များကိုလည်း တည်ခင်းဧည့်ခံ ကျွေးမွေးကြပါတယ်။ ဒီနေ့ မွေးနေ့ပွဲအတွက် ကြွရောက် လာကြတဲ့ ဧည့်ပရိသတ်များကို မွန်အမျိုးသား ကိုမင်းစိန်လင်း မှ မြန်မာထမင်းဟင်းများဖြင့်လည်းကောင်း၊ အသင်းမိသားစုများမှ အချိုပွဲများနှင့်လည်း တည်ခင်းဧည့်ခံ လှူဒါန်းခဲ့ကြပါတယ်။ အဲဒီနောက် နေ့လည် ၁း ၀၀ နာရီ အချိန်တွင် မွေးနေ့ပွဲ အခမ်းအနား အစီစဉ်ကို စတင်ခဲ့ပါတယ်။ အခမ်းအနားတွင် အသင်းအတွင်း ရေးမှူး ဦးသိန်းယု မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပါတယ်။ အခမ်းအနား အစီအစဉ်အရ နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် ငါးပါးသီလဆောက်တည်ခြင်း၊ မင်းကွန်း တိပိဋက ဆရာတော်ကြီး၏ မေတ္တာပို့လင်္ကာများကို ရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တသုတ် ပရိတ်တရားတော်၊ အနုမောဒနာတရားတော်တို့ကို နာယူခြင်း၊ ဧည့်ပရိသတ်များကိုယ်စား ဦးအောင်အောင် မှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနဲ့ အလှူရှင် ကိုမင်းစိန်လင်းမှ ဆရာတော်နဲ့ တကွ ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များအား တည်ခင်းဧည့်ခံ လှူဒါန်းကြရတဲ့အတွက် အထူးပင် ကျေးဇူးတင်ပါကြောင်း၊ ၀ိုင်းဝန်းကူညီ အားပေးကြသူများကိုလည်း အထူးကျေးဇူးတင်ပါကြောင်းတို့ကို ပြောကြားကာ လှူဒါန်းမှု  အစုစုတို့အတွက် အသင်းအမှုဆောင် ဦးလှစိုးမှ အသင်းမိသားစုများ ကိုယ်စား ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ပါတယ်။ အဲဒီနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။
အသင်းမိသားစုများနဲ့တကွ ဧည့်ပရိသတ်များအားလုံး ရွှင်လန်းချမ်မြေ့စွာဖြင့် အမျိုးဘာသာ သာသနာ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။ (အချို့ပုံများ ကင်မရာထဲ မပါရှိ၍ မတင်ဖြစ်ခြင်း ဖြစ်ပါတယ်)။
ဦးသိန်းယု + ဒေါ်ချစ်ချစ် မိသားစုရဲ့ မွေးနေ့ကိတ် အလှူ
 

ဆိတ်သားဖတ်အလှူရှင် ဦးမောင်မောင်ဝင်း + မမြစမ်းအေး မိသားစုနဲ့ အမှတ်တရ
မွေးနေ့ပွဲ အလှူရှင် မွန်အမျိုးသား ကိုမင်းစိန်လင်းနဲ့ အမှတ်တရ
ဦးတင်ဖေ + ဒေါ်အုံးမမ၊ မစိမ့်စိမ့်လှိုင်၊ မမြစမ်းအေးတို့နဲ့ အမှတ်တရ
မမြစမ်းအေး၊ မစိမ့်စိမ့်လှိုင်၊ မငယ်၊ မသင်းသင်းဦး၊ ဒေါ်အုံးမမ တို့နဲ့ အမှတ်တရ
အသင်းအမှုဆောင် ဦးလှစိုး၊ ကိုမင်းစိန်လင်း၊ ဒေါ်ခင်သန်းနွယ်တို့နဲ့ အမှတ်တရ
ဒေါ်ခင်ထွေး ၊ ကိုဝင်းကိုရဲ့ သားရတနာနဲ့ အမှတ်တရ
ဦးကြည်ဝင်း + ဒေါ်လင်းလင်းလက် မိသားစုနဲ့ အမှတ်တရ
ကိုစိုးဝင်းသန်း + မတင်တင်ဝင်း မိသားစုနဲ့ အမှတ်တရ
ကိုတိုးအောင်ထွန်း + မအေးအေးကြည်တို့နဲ့ အမှတ်တရ