Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Wednesday, October 10, 2012

ဝိဇာတ ဂုဏပူဇော်ပွဲ ဖိတ်ကြွားလွှာ

မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များနှင့် ဓမ္မမိတ်ဆွေများအား ဖိတ်ကြားခြင်း
ဖရန်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီ ကျောင်းတိုက်တွင် သီတင်းသုံးလျက်ရှိသော ဒေါက်တာ အရှင်ပညာဝံသ (မဟာဓမ္မာစရိယ M.A Sri Lanka, Ph.D Buddhist Philosophy) ၏ ပူဇော်ထိုက်သူ ပူဇော်ခြင်း၊ ဂုဏ်ပြု ထိုက်သူ ဂုဏ်ပြုခြင်းဟူသော ဘုရားနိပါတ်တော်နှင့်အညီ သံဃာ့ဂုဏ်ကို အာရုံပြု၍ ၀ိဇာတဂုဏ ပူဇော်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသောကြောင့် ဓမ္မပူဇာ၊ သံဃပူဇာပွဲသို့ မြန်မာ ဗုဒ္ဓဘာသာဝင်များနှင့် ဓမ္မမိတ်ဆွေများ မိမိတို့၏ စေတနာ၊ သဒ္ဓါ တတ်စွမ်းသမျှ လှူဒါန်းကြည်ညိုနိုင်ကြပါရန် နိဗ္ဗာန် အကျိုးမြှော်၍ ဓမ္မမိတ်ဆွေများအား ဖိတ်ကြားအပ်ပါသည်။
ဆရာတော်၏ ၀ိဇာတ ဂုဏပူဇော်ပွဲအတွက် အလှူရှင် မွန်တိုင်းရင်းသားလေး car - rock's မှ မြန်မာ့ အစားအစာ စားသောက်ဖွယ်ရာများဖြင့် လှူဒါန်းကျွေးမွေး ဧည့်ခံသွားမည်ဖြစ်ပါသည်။
ဗုဒ္ဓသာသနရံသီ အသင်း (မိသားစု)
  •  ကျင်းပမည့် နေ့ရက်။      ။ ၁၄. ၁၀. ၂၀၁၂ (တနင်္ဂနွေနေ့)
  • ကျင်းပမည့် အချိန်  ။       ။ နံနက် ( ၁၀း ၀၀ မှ ညနေ ၁၆း ၀၀) နာရီအထိ
  • ကျင်းပမည့် နေရာ  ။       ။ Haus der Juend frankfurt Deutschherrnefer 12 -60594  Frankfurt
(မှတ်ချက်)။        ။ မိမိတို့ လာနေကျ ဗုဒ္ဓသာသနရံသီ ကျောင်းရှေ့ရှိ အထက်ဖော်ပြပါ လိပ်စာသို့ လာရောက်နိုင်ပါသည်။ (ကြိုဆိုရေးအဖွဲ့များ ရှိနေပါသည်။)