Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, September 30, 2012

အန်တီဒေါ်သိန်းမြင့်၏မွေးနေ့ အလှူဒါနမှတ်တမ်း

အသင်းအမှုဆောင် ဦးလှစိုး + ဒေါ်သိန်းမြင့် မိသားစုတို့မှ မွေးနေ့အလှူရှင် ဒေါ်သိန်းမြင့် ရဲ့ (၆၉) နှစ်ပြည့် မြောက် မွေးနေ့အလှူပွဲကို ဗုဒ္ဓသာသနရံသီ အသင်းတိုက် ဘုန်းတော်ကြီးကျောင်းမှာပဲ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ နံနက် ၁၁း ၁၅ နာရီတွင် ဘုရားအမှူးထား၍ သံဃာ့ဂုဏ်ကို အာရုံပြုကာ နေ့ဆွမ်းနဲ့ အချိုပွဲများ ဆက်ကပ် လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များအားလည်း ကျွေးဧည့်ခံခြင်းတို့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် လှူဒါန်းမှု အစုစုတို့အတွက် သီလဆောက်တည်၍ ပရိတ်တရားတော်များကို နာယူကြကာ ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပါတယ်။
မွေးနေ့အလှူရှင် မိသားစုနဲ့ တကွ ဧည့်ပရိသတ်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။