Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, August 26, 2012

မောင်ဇော်ညွန့်လှိုင် (ခေတ္တ U.SA) ရဲ့ (၃၇) နှစ်ပြည့် မွေးနေ့ အလှူ

မိဘနှစ်ပါးအတွက်လည်းကောင်း၊ သားဖြစ်သူ မောင်ဇော်ညွန့်လှိုင် (ခေတ္တ U.SA) ရဲ့ (၃၇) နှစ်ပြည့် မွေးနေ့ အလှူအတွက်လည်းကောင်း ရည်ရွယ်၍ ဒန်ပေါက်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ သီလဆောက်တည်၍ ပရိတ် တရားတော်များ နာယူခြင်းနဲ့ ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခြင်းတို့ကို  ဦးလှစု + ဒေါ်စိုးစိုးသိန်း မိသားစုတို့ရဲ့ နေအိမ်မှာပဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနော်က ဖိတ်မန္တက ပြုထားကြတဲ့  ဧည့်ပရိသတ်များအားလည်း ဒန်ပေါက် ထမင်းတို့ဖြင့် တည်ခင်းဧည့်ခံ လှူဒါန်း ကျွေးမွေးခဲ့ကြပါတယ်။
အလှူရှင် မိသားစုနဲ့ တကွ ပရိသတ်များအားလုံး ကျန်းမာ၊ ချမ်းသာစွာဖြင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်ကြပါစေ။