Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Tuesday, August 21, 2012

ကိုလှမောင်သန်း + မစောစန္ဒာလင်း မိသားစုရဲ့ မွေးနေ့ဆွမ်းအလှူ

ဗုဒ္ဓသာသနရံသီ အသင်း ဘဏ္ဍာရေးမှူး ကိုလှမောင်သန်း ရဲ့ မွေးနေ့အလှူကို ၁၆. ၀၈. ၂၀၁၂ ရက် ကြာသ ပတေးနေ့က ကိုလှမောင်သန်း + မစောစန္ဒာလင်းတို့ရဲ့ နေအိမ်မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဘုရားအမှူး ထား၍ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဖိတ်မန္တကပြုထားကြတဲ့ ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးခြင်းတို့ကို ပြုလုပ်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် သီလဆောက်တည်၍ ပရိတ်တော်များ နာယူကြကာ ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပါတယ်။
မွေးနေ့ရှင် မိသားစုနဲ့ တကွ ဧည့်ပရိသတ်များအားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။