Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Friday, August 3, 2012

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ဂျာမဏီမှ လှူဒါန်းငွေ ၂၀, ၃၀၀၀၀ ကျပ်အတွက် ဂုဏ်ပြုမှတ်တမ်း

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ဂျာမဏီနိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ ဗုဒ္ဓသာသနရံသီ အသင်း မိသားစုများမှ စုပေါင်း၍ အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းငွေ စုစုပေါင်းမှာ မြန်မာငွေ ၂၀,၃၀၀၀၀ (ကျပ်သိန်းနှစ်ဆယ်နှင့် သုံးသောင်း) တိတိ ဖြစ်ပါတယ်။ ဤအလှူငွေများကို ၂၅. ၀၇. ၂၀၁၂ ရက်နေ့တွင် လက်ခံရရှိပါကြောင်း ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို အီးမေးမှတစ်ဆင့် ဤအသင်းသို့   အကြောင်း ကြားခဲ့ပါသည်။ လှူဒါန်းကြသူ အလှူရှင်များအားလုံး ၀မ်းမြောက်နုမော် သာဓုခေါ် ဆိုနိုင်ကြပါကြောင်းနှင့် အလှူရှင်များအားလုံးကိုလည်း ဤအသင်းမှ အထူးပင် ကျေးဇူးတင် ၀မ်းမြောက်ပါကြောင်း ဂုဏ်ပြု မှတ်တမ်း တင်အပ်ပါသည်။
ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်း