Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Tuesday, July 17, 2012

ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် မိသားစုရဲ့ နေ့ဆွမ်းအလှူ

လွန်ခဲ့သော (၁၄) နှစ်က ကွယ်လွန်သွားခဲ့တဲ့ ကိုအောင်အောင်ရဲ့ အနန္တဂိုဏ်းဝင် ဖခင်ကြီး ဦးလှမြင့် အားရည်စူး၍ နေ့ဆွမ်းဆက်ကပ်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်းနဲ့ ရေစက်သွန်းချ အမျှပေးဝေခြင်း တို့ကို ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် မိသားစုရဲ့ နေအိမ်မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖိတ် မန္တက ပြုထားတဲ့ ဧည့်ပရိသတ်များကို ထောပတ်ထမင်း၊ အချိုပွဲစသည်တို့ဖြင့် မွန်မွန်မြတ် တည်ခင်း ဧည့်ခံ ကျွေးမွေး လှူဒါန်း ခဲ့ကြပါတယ်။
အလှူရှင် မိသားစုများနဲ့ တကွ ပရိသတ်များအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ၊ လိုအင်ဆန္ဒများ လည်း ပြည့်ဝကြပါစေ။