၁၄.၀၇.၂၀၁၂ (စနေနေ့)တွင်ဗုဒ္ဓသာသနရံသီအသင်းကြီး၏(၆)နှစ်ပြည့်မြောက်အထိမ်းအမှတ်ပွဲ
အဖြစ်ဖျော်ဖြေတင်ဆက်မည့် ညီညွတ်ခြင်းနှင်းဆီအငြိမ့် အဖွဲ့သည် ဂျာမနီနိုင်ငံ၊ဖရန့်ဖွတ်မြို့သို့
၁၂.၀၇.၂၀၁၂(ကြာသာပတေး)နေ့ နံနက်တွင်ရောက်ရှိကြမည်ဖြစ်ပါသည်။
၁၄.၀၇.၂၀၁၂ နေ့ညနေ ၄ နာရီတွင် ဖျော်ဖြေတင်ဆက်မှုကိုစတင်မည်ဖြစ်ပြီးအစီအစဉ်
တင်ဆက်ချိန် ၅နာရီခန့်ကြာမြှင့်မည်ဖြစ်ပါသည်။
နေ့လည် ၁ နာရီမှစတင်၍ အသင်းကြီးရန်ပုံငွေအတွက်ဈေးရောင်းပွဲတော်အစီအစဉ်ကိုစတင်
မည်ဖြစ်ပါသည်။
(၁) ကြာဇံကြော်နှင့်ဝက်ခေါင်းသုတ်၊
(၂) ပုသိမ်ဟာလဝါ၊
(၃) ခေါပြင်၊
(၄) သဘောင်္သီးသုတ်၊
(၅)ရွှေကြည်ဆနွမ်းမကင်း၊
(၆)ဆိတ်သားပတ်၊
(၇) ဘီယာ၊ဝိုင်၊အအေးစုံ၊သောက်ရည်၊ တို့အားအထူးဈေးနုံးချိုသာစွာဖြင့်ရောင်းချပေးသွားမည်
ဖြစ်ပါကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။
ပွဲအစီအစဉ်အားလုံးအားဗွီဒီယိုမှတ်းတမ်းတင်ရိုက်ကူးမည်ဖြစ်ပြီးအခွေတစ်ခွေ(၁၅)ယူရိုနုံးနှင့်
ပြန်လည်ဖြန့်ဖြူးပေးမည်ဖြစ်ပါကြောင်း၊
အနုပညာရှင်များနှင့်ဓါတ်ပုံရိုက်လိုသူများလွတ်လပ်စွာရိုတ်နိုင်ကြောင်းကိုလည်းသတင်းကောင်း
ပါးလိုက်ပါတယ်။
အထူးမေတ္တာရပ်ခံချက်အနေဖြင့် ယခုဖျော်ဖြေမှုအစီအစဉ်သည်အသင်းကြီး၏ရန်ပုံငွေရရှိရေး
လည်းဖြစ်ပါသောကြောင့် ပြင်ပမှအစား၊အသောက်များယူဆောင်လာခြင်းမပြုပါရန်၊အသိပေး
လိုက်ရပါသည်။
အသင်းမှရောင်းချသောအစားအသောက်များအားဝယ်ယူမှုဖြင့်အားပေးကြပါရန်လေးစားစွာ
တိုက်တွန်းနိုဆော်လိုက်ရပါသည်။
(အစီအစဉ်ဖြစ်မြောက်ရေးအဖွဲ့)
ဗုဒ္ဓသာသနရံသီအသင်းကြီး(ဂျာမနီ)