Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, June 3, 2012

ကိုနိုင်နိုင် + မဖြူလေးတို့၏ သမီးရတနာ ကော်နီနိုင် ရဲ့ အလှူ


ဒီတနင်္ဂနွေနေမှာဖြင့် ကိုနိုင်နိုင် + မဖြူလေး တို့၏ သမီးရတနာ ကော်နီနိုင် ရဲ့ ကင်ပွန်းတပ် မွေးနေ့မင်္ဂလာ ကုသိုလ်ကို ဗုဒ္ဓ သာသန ရံသီ အသင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကိုနိုင်နိုင် မိသားစုမှ ဆွမ်းခဲဖွယ် ဘောဇဉ်များနဲ့ အချိုပွဲများကို ဘုရားအမှူးထား၍ သံဃာ့ဂုဏ်ကို အာရုံပြုကာ လှူဒါန်းကြပါတယ်။ အဲဒီနောက် ဧည့်ပရိသတ်များကိုလည်း ကျွေးမွေးဧည့်ခံ ခဲ့ကြပါတယ်။ အထူးတလည် အဖြစ် ကိုနိုင်နိုင် ရဲ့ လက်ရာထူးအဖြစ် ၀က်သားကောက်ညှင်း ထုပ်များဖြင့်လည်း တည်ခင်းဧည့်ခံ ခဲ့သဖြင့် ဧည့်ပရိသတ်များ အထူးနှစ်သက်ခဲ့ကြပါတယ်။ နေ့လည် ၁း ၀၀ နာရီတွင် အလှူရှင်မိသားစုများနဲ့ အတူ ပရိတ်သတ်များမှ သီလခံယူ ဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းနဲ့ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်း ချ အမျှအတန်းပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
အလှူရှင် မိသားစုနဲ့ တကွ ဧည့်ပရိသတ်များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
ကိုနိုင်နိုင် + မဖြူလေး (သမီးရတနာ) ကော်နီနိုင် မိသားစုနဲ့ အတူ ကိုရဲထွဋ်တို့ရဲ့ နေ့ဆွမ်းအလှူ
ကိုနိုင်နိုင် + မဖြူလေး မိသားစုနဲ့ ကိုဗညားတို့ရဲ့ အချိုပွဲ အလှူ

သမီးရတနာ ကော်နီနိုင်