Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Thursday, June 28, 2012

ကိုနိုင်ဝင်းအောင်+ မခင်စန္ဒာထွန်း တို့ရဲ့ အလှူ

၂၇. ၀၆. ၂၀၁၂ ရက်နေ့က Göttingen မြို့တွင် နေထိုင်ကြတဲ့ ကိုနိုင်ဝင်းအောင် + မခင်စန္ဒာထွန်း တို့ ဇနီးမောင်နှံမှ အရုဏ် မုန့်ဟင်းခါးနဲ့ နေ့ဆွမ်းဆက်ကပ်ခြင်းတို့ကို နေအိမ်မှာပဲ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ နေ့ဆွမ်း ဆက်ကပ်ပြီးနောက် သီလဆောက်တည်၍ ပရိတ်တရားတော်ကို နာယူခြင်းနဲ့ ရေစက်သွန်းချ အမျှ ပေးဝေခြင်းတိုကို ပြုလုပ်ခဲ့ပါတယ်။ အလှူရှင် ဇနီးမောင်နှံတို့မှ သင်္ကန်းအတွက် အလှူငွေ ၇၅ ယူရို + ဗုဒ္ဓသာသန ရံသီ ဘုန်းတော်ကြီးကျောင်းအတွက် ၁၀၀ ယူရို နဲ့ ကိုကျော်ဇေယျ + မကြည်ကြည်ထွန်း မိသားစုမှ ဘုန်းတော်ကြီးကျောင်းအတွက် ၅၀ ယူရို စုစုပေါင်း ၂၂၅ ယူရိုတို့ကို လှူဒါန်းခဲ့ကြပါတယ်။
အလှူရှင်များနဲ့ တကွ ဧည့်ပရိသတ်များ အားလုံး ကျန်းမာ၊ ချမ်းသာကြ၍ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။